Book(74)Ch 1- 3(or)Ch 999 - 1001

99 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(74)

Chapter-1

(သင်္ချိုင်းစောင့်မျိုးနွယ်)

ကောင်းကင်ဘုံမိစ္ဆာကျားကလန်၏ ဘိုးဘေးစေတီရှိ ယဇ်ပလ္လင်က ဘိုးဘေးများကို ပူဇော်ရန်အတွက် အထူးအလေးပေး အသုံးပြုကြပေသည်။

ဟုတ်ပေ၏။ အခြားလုပ်ဆောင်သည့် အရာတစ်ခု ရှိနေပေသေးသည်။ ထိုအရာက ဘိုးဘေးဝိညာဥ်နယ်မြေမှ သင်္ချိုင်းစောင့်များနှင့် ဆက်သွယ်နိုင်ခြင်း ဖြစ်၏။

လက်ရှိအချိန်၌ အကြီးအကဲချုပ်က ရေချိုးသန့်စင်ပြီး သန့်ရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားခဲ့ကာ အမွှေးနံ့သာတိုင်များနှင့် ယဇ်ပူဇော်သော ပစ္စည်းများကို အသုံးပြုရန် ပြင်ဆင်ထားခဲ့သည်။

ဒီဗိုင်းဘုရင်အဆင့် ပုဂ္ဂိုလ်များစွာက ရိုသေလေးစားစွာဖြင့် ဘေးတွင်တန်းစီရပ်နေခဲ့ကြ၏။

ပြင်ဆင်မှုများ ပြုလုပ်သွားနိုင်ခဲ့ပြီးနောက် အကြီးအကဲချုပ် ဖန်ရင်က အမွှေးနံ့သာတိုင်သုံးခုကို ရိုရိုသေသေ ကိုင်တွယ်၍ မီးထွန်းညှိလိုက်ပြီး သုံးကြိမ်ကန်တော့၍ စားပွဲပေါ်ရှိ အမွှေးနံ့သာအိုးအတွင်းသို့ ထည့်သွင်းလိုက်သည်။

"ဒီနေ့ အပြင်လူနှစ်ယောက်က ဘိုးဘေးဝိညာဥ်နယ်မြေကို ကျူးကျော်ဝင်ရောက်လာပြီးတော့ ဘိုးဘေးဝိညာဥ်တွေ အေးအေးချမ်းချမ်း အနားယူတာကို နှောင့်ယှက်ခဲ့ပါတယ်… တာဝန်မကျေတဲ့ကလေး ဖန်ရင်က ဘိုးဘေးဝိညာဥ်နယ်မြေရဲ့ စောင့်ရှောက်သူတွေကို ရိုသေလေးစားစွာနဲ့ တောင်းဆိုပါရစေ… ဒီကလေးကို ဘိုးဘေးဝိညာဥ်နယ်မြေထဲ ဝင်ရောက်ပြီးတော့ အပြင်လူတွေကို ဖမ်းဆီးခွင့်ပြုပါ….."

အကြီးအကဲချုပ်က စကားတစ်လုံးချင်းစီတိုင်းကို အလွန့်အလွန် ကျိုးနွံစွာဖြင့် ပြောဆိုလိုက်ခြင်းဖြစ်၏။

သူ၏အသံ ပျောက်ကွယ်သွားသည်နှင့် ယဇ်ပလ္လင်မှ အစီအရင်က ရုတ်တရက်ပင် တောက်ပလာခဲ့သည်။ အမွှေးနံ့သာအိုးအပေါ်တွင် ရှိနေခဲ့သော နံ့သာအခိုးအငွေ့များကို တစ်စုံတစ်ရာက စုပ်ယူလိုက်ဟန်ဖြင့် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now