Book (62) Ch 1 - 5 (or)Ch 823 - 827

125 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(62)

Chapter-1

(စိန်ခေါ်မှုလက်ခံခြင်း)

ဒီမွန်းနယ်မြေက နယ်မြေတစ်ခုတည်းသာ ရှိနေခြင်းမဟုတ်ပေ။

နတ်ဘုရားနယ်မြေတွင် နယ်မြေတစ်ထောင်ရှိပေသည်။ ဒီမွန်းနယ်မြေက နယ်မြေစုစုပေါင်း၏
ငါးပုံတစ်ပုံမျှ နေရာယူထားပေ၏။

လက်ကျန်နယ်မြေ ငါးပုံလေးပုံက လူသားများ နေထိုင်သည့် နယ်မြေများဖြစ်ကြသည်။ 

အမှန်တကယ်တွင် လူသားနယ်မြေများတွင် ဒီမွန်းမျိုးနွယ်၏ ထူးချွန်သူများစွာ နေထိုင်ကြပေ၏။ သို့သော် နဂါးကလန်နှင့် ကျားဖြူကလန်တို့ကဲ့သို့ ကလန်များကိုမူ လူသားနယ်မြေတွင် မြင်တွေ့နိုင်ခြင်းမရှိပေ။

အလင်းဖြူက အမွေဆက်ခံထားသည့် မှတ်ဉာဏ်အချို့ကို နိုးထလာနိုင်စေခဲ့ပြီး အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်လို၍ လူကိုယ်တိုင် နှုတ်ဆက်ခြင်းမရှိဘဲ ထွက်ခွာသွားခဲ့ခြင်းဖြစ်မည်ဟု ယီယွမ်က ခန့်မှန်းနိုင်ခဲ့ပေသည်။

အလင်းဖြူထွက်သွားကြောင်း ကြားခဲ့ရပြီးနောက် ယီယွမ်က တစ်စုံတစ်ရာကို ဆုံးရှုံးသွားသော ခံစားချက်ကို ခံစားလိုက်ရ၏။

ဤနှုတ်ဆက်မှုက နှစ်ပေါင်း လပေါင်း ရက်ပေါင်း မည်မျှအထိ ကြာမြင့်ပြီးမှ ပြန်လည်ဆုံတွေ့နိုင်မည်ကို မသိနိုင်ပေ။

ယီယွမ်က အလင်းဖြူကို အလွန်စိုးရိမ်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူက လက်ရှိအချိန်၌ အဆင့်(6)သာ ရှိပေသေး၏။ နတ်ဘုရားနယ်မြေတွင် လှည့်လည်သွားလာခြင်းက အလွန်အန္တရာယ်များပေသည်။

အဖြူရောင်သတ္တိနယ်မြေမှ ဒီမွန်းနယ်မြေထံသို့ ခရီးထွက်ခြင်းမှာ အဓိကနယ်မြေများစွာကို ဖြတ်သန်းသွားလာရန် လိုအပ်ပေ၏။ တွေ့ကြုံရမည့် အခက်အခဲများကို ပြောနေစရာပင် မလိုအပ်တော့ပေ။

သို့သော် အလင်းဖြူက ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ အကယ်၍ ယီယွမ်က သူ့အား ရှာဖွေလိုလျှင်ပင် သူ့အားရှာတွေ့ရန် မဖြစ်နိုင်ပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now