Ch 845 - 846

95 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(63)

Chapter-9

(ကြောက်စရာကောင်းသော ပုဂ္ဂိုလ်)

"တောင်းပန်တယ် ဟုတ်လား… ဟားဟား… တောင်းပန်လိုက်တာနဲ့တင် မင်းရဲ့နောက်လိုက်တွေက ပြန်ရှင်လာနိုင်လို့လား… တောင်းပန်လိုက်တာနဲ့ ကျန်ရစ်တဲ့သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ပျောက်ကင်းသွားစေနိုင်မှာလား… မင်းက တကယ်ကို ဘာမှအစွမ်းမရှိတဲ့ အရူးတစ်ယောက်ပဲ….."

ဝေ့ချမ်းအပေါ် ရှန်းကျွင်း၏ သည်းခံမှုက အကန့်အသတ်ကို ကျော်လွန်ရောက်ရှိသွားခဲ့၏။ နောက်ဆုံးတွင် သူက ပေါက်ကွဲလာခဲ့ပြီဖြစ်သည်။

ဤတစ်ကြိမ်တွင် ဝေ့ချမ်းက နောင်တရပြီး မျက်ရည်များ စီးကျနေခဲ့ပေ၏။

"ကောင်းပြီ… သူ့ကို ထပ်ပြီး မကြိမ်းမောင်းတော့နဲ့… အားလုံးပဲ သတိမလွတ်ကြနဲ့ဦး… အဲဒါက မပြီးသေးဘူး… ကျုပ်တို့က ဒီတစ်ကြိမ်မှာ အံ့မခန်းအစွမ်းထက်တဲ့သူကို စော်ကားလိုက်မိပြီနဲ့တူတယ်… ယီယွမ်က ရုတ်တရက်ပင် လေးလေးနက်နက် အမူအရာဖြင့် ပြောဆိုလိုက်သည်။

လူတိုင်း၏ မျက်နှာအမူအရာများက ပြောင်းလဲသွားခဲ့ပြီး ထိုစကားက မည်သို့ဆိုလိုသည်ကို နားမလည်ခဲ့ကြပေ။

အရိုးစုများအားလုံးကို ရှင်းလင်းပစ်ခဲ့ပြီးဖြစ်၏။ ဤနေရာတွင် မည်သို့သော အန္တရာယ်မျိုးနှင့် ကြုံတွေ့နိုင်မည်နည်း။

အားလုံးက ယီယွမ်ကို လှမ်းကြည့်လိုက်ချိန်တွင် ယီယွမ်က လက်ရှိအချိန်၌ လိုဏ်ဂူဝင်ပေါက်သို့ ကြည့်နေသည်ကို မြင်လိုက်ရပေသည်။

လူတိုင်းက ထိုမြင်ကွင်းကို မြင်လိုက်ချိန်တွင် စိတ်ထဲ၌ ကူရာကယ်ရာမဲ့စွာဖြင့် အကြီးအကျယ် ထိတ်လန့်သွားခဲ့၏။

အရိုးစုနောက်တစ်ခုက ထိုနေရာတွင် မည်သည့်အချိန်တွင် ရောက်ရှိနေသည်ကို သူတို့က  မသိနိုင်ခဲ့ကြပေ။

အရိုးစုတစ်ခုတည်းပင် ဖြစ်သည်။

ထိုအရိုးစုက စကားတစ်ခွန်းမှ မပြောခဲ့ပေ။ လိုဏ်ဂူဝင်ပေါက်တွင်သာ တိတ်တဆိတ် ရပ်နေခဲ့ခြင်းဖြစ်၏။ သူ၏လက်ထဲတွင် ဆေဘာဓားရှည်တစ်လက်ကို ကိုင်ထားခဲ့ပေသည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now