Ch 710

122 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(54)

Chapter-2

(ထိပ်တိုက်ရင်ဆိုင်ခြင်း)

ကျောက်ချန်ကန်း၏စကားများ၌ ခါးသီးမှုများက မိုးထိအောင် ထိုးတက်နေခဲ့ပြီး လူများကို သနားစိတ်ဝင်လာစေခဲ့သည်။

တော်ဝင်မိသားစုတွင် မွေးဖွားလာသည်နှင့် လွတ်လပ်သောစိတ်ကို ပိုင်ဆိုင်ခြင်းမရှိတော့ပေ။

လူသားလောက၌ ဤသို့ဖြစ်ပေရာ ကမ္ဘာတစ်ခုကို ထိန်းချုပ်နိုင်သော ဧကရာဇ်လည်း ခြွင်းချက်တစ်ခုမဟုတ်ပေ။

ကျောက်ထျန်းရင်၏ စိတ်နေစိတ်ထားဖြင့်ဆိုလျှင် နူးညံ့သိမ်မွေ့သော နည်းလမ်းများကို အသုံးပြုခဲ့မည်မဟုတ်ပေ။

သူ၏သားဖြစ်သော ကျောက်ချန်ကန်းအတွက် ထိုအရာက ကံဆိုးမိုးမှောင်ကျခဲ့ခြင်း ဖြစ်ပေ၏။

သို့သော် ယီယွမ်က ကျောက်ချန်ကန်းကို လုံးဝမသနားခဲ့ပေ။ ဤနေရာတွင် ကျောက်ချန်ကန်းက ပို၍ဆုတ်ယုတ်လာခဲ့ပြီး ခွန်အားကြီးလာရန်အတွက် သူ၏စိတ်ဝိညာဥ်ကို ရောင်းစားခဲ့ပေရာ သနားမှုနှင့် လုံးဝမထိုက်တန်ပေ။

"သူက သေသင့်ပါတယ်… ဒါပေမဲ့ မင်းသတ်တာကိုတော့ မခံရသင့်ဘူး….မင်းက လေအင်ပါယာဖြစ်ချင်ပေမဲ့ ဘာအစွမ်းရှိလို့လဲ….." ယီယွမ်က အေးအေးဆေးဆေး ပြောဆိုခဲ့သည်။

ကျောက်ထျန်းရင်က အေးစက်သောအသံဖြင့် ပြောလိုက်၏။ "ဘာအစွမ်းရှိလို့လဲဟုတ်လား… ဒါပေါ့… ငါ့ရဲ့ခွန်အားနဲ့ပဲလေ… ငါက အခု အကန့်အသတ်မဲ့နယ်ပယ် ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်နေပြီလေ… ကျောက်ထျန်းရင်ထက် ပိုပြီးတော့တောင် အစွမ်းထက်နေသေးတယ်… သူတို့အားလုံး.... ဘယ်သူက ဆန့်ကျင်ရဲမှာလဲ….."

ထိုသို့ပြောရင်း ကျောက်ချန်ကန်းက လူတိုင်းကို တစ်ချက်ကြည့်ခဲ့သည်။ သူ၏အကြည့်ရောက်သွားသော နေရာများရှိ ထိုလူများက တစ်ယောက်ပြီးတစ်ယောက် ခေါင်းငုံ့သွားခဲ့ပေ၏။

"ဟီးဟီး… မင်းမြင်လား… သိုင်းပညာရှင်လောကမှာ ခွန်အားကိုပိုင်ဆိုင်ထားမှ ရိုသေလေးစားမှုကို ခံယူနိုင်မှာပဲ… ငါက ပြင်းထန်သောမုန်တိုင်းကမ္ဘာကြီးရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်ကြီးပဲ… ဘယ်သူက အညံ့မခံဘဲ နေရဲလို့လဲ….." ကျောက်ချန်ကန်းက ရယ်မော၍ ပြောဆိုလိုက်သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now