883 - 884

85 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book ( 66 )

Chapter-5

(လှည်းကျင်းရယူခြင်း)

"အရှင်ဟူက တကယ်လှုပ်ရှားလာခဲ့ပြီပဲ… အရှင်ဟူက စစ်မှန်တဲ့ ကြယ်လေးပွင့် ဝိညာဥ်ဗိုလ်ချုပ်ပဲ… သူက ပထမအဆင့်မှာ နံပါတ်သုံးချိတ်တဲ့ အစွမ်းထက်ယှဥ်ပြိုင်သူ တစ်ယောက်ပဲလေ….."

"အရှင်ဟူက တိုက်ပွဲပေါင်း တစ်ရာကျော်ကို တက်တိုက်အနိုင်ရပြီးခဲ့ပြီ… သူ့လက်ထဲမှာ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှမရှိခဲ့ဘူး… သိုင်းကွက်ပေါင်းနှစ်ဆယ်ကို ဆက်တိုက်အနိုင်ရသွားတာနဲ့ ဒုတိယအဆင့်ကို တက်ရောက်သွားနိုင်ပြီ… ဒါပေမဲ့ သူက ပထမအလွှာမှာပဲ ဆက်ပြီးရှိနေခဲ့သေးတယ်… သူ့ရဲ့ခွန်အားကို ပိုပြီးခိုင်မာစေဖို့ လုပ်ဆောင်နေတယ်ဆိုတာ အသိသာကြီးပဲ….."

"ဒီကောင်လေးက သေရတော့မှာ အသေအချာပဲ… အရှင်ဟူကို တကယ်ရန်စမိသွားခဲ့ပြီ… အသစ်ဝင်လာတဲ့သူတွေက နှိမ့်နှိမ့်ချချနေသင့်တယ်… ဒါက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေတာ မဟုတ်ဘူးလား….."

အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်သူက စင်မြင့်ပေါ်သို့ ရောက်လာသောအချိန်တွင် လူအားလုံးက ပွက်လောရိုက်သွားခဲ့ကြသည်။

ယီယွမ်၏ စောစောလေးမှ လက်သီးချက်က လူတိုင်းကို ထိတ်လန့်သွားစေခဲ့၏။ သို့သော် ယီယွမ်၏မျက်နှာကို သူတို့က  စိမ်းသက်နေခဲ့၍ မည်သူမှန်း မသိခဲ့ကြပေ။

ပထမအဆင့်တွင် ဝမ်တုံ၏ ခွန်အားက လူအများ၏ နှလုံးသားထဲတွင် ကောင်းစွာအမြစ်တွယ်နေပြီ ဖြစ်သည်။

ယီယွမ်၏ လက်သီးတစ်ချက်တည်းဖြင့် သုတ်သင်လိုက်ခြင်းကို ခံလိုက်ရ၍ ဝမ်တုံက ပြိုင်ဖက်ကို အထင်သေးလွန်းခဲ့ခြင်းဖြစ်ကြောင်း ခံစားနေခဲ့ရ၏။

ဤတစ်ကြိမ်တွင် ရောက်ရှိလာခဲ့သော အရှင်ဟူ၏ ခွန်အားက ဝမ်တုံ၏ခွန်အားထက် ပိုမိုမြင့်မားပေသည်။ ယီယွမ်က အနိုင်ရမည်ဟူ၍ သူတို့က လုံးဝထင်မထားခဲ့ပေ။

အရှင်ဟူက တိုက်ပွဲဝင်ပုဆိန်နှစ်လက်ကို ကိုင်ထားခဲ့ပေရာ အလွန်အမင်း ထိတ်လန့်စရာ ကောင်းနေခဲ့ပေ၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now