Ch 1068 - 1070

104 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 78

Chapter-10

(ရေခဲမီးတောက်ကို ရင်ဆိုင်ခြင်း)

ယီယွမ်က အစီအရင်အတွင်းသို့ ဝင်ရောက်သွားသည်ကို သူ၏ မျက်လုံးထဲ၌ ရုတ်တရက် မြင်တွေ့လိုက်ရ၍ ဟဲတကျန်း၏ နှလုံးသားက အလိုအလျောက်ပင် တုန်ယင်သွားခဲ့သည်။

အကယ်၍ ယီယွမ်ကသာ ရေခဲမီးတောက် ဆန်းကြယ်မှိုဧကရာဇ်ကို အမှန်တကယ် သိမ်းသွင်းယူဆောင်နိုင်မည်ဆိုလျှင် သူတို့က အန္တရာယ်ကျရောက်သွားပေမည်။ သင်းကျန်းကော၏ ခွန်အားကလည်း အလွန်မြင့်မားပြီး အနည်းဆုံးအနေဖြင့် သူက ဝူယွမ်ချောင်း၏အောက်သို့ နိမ့်ကျခြင်းမရှိပေ။

သူကသာ အလုပ်ရှုပ်နေရာမှ အားလပ်သွားမည်ဆိုပါက  အရုဏ်ဦးကောင်းကင်ဘုံနန်းတော်မှ  ပြန်လည်တိုက်ခိုက်လာမည်မှာ သေချာလှပေသည်။

ထိုအချိန်၌ သူတို့သုံးယောက်က ဟင်းလင်းပြင်ဆန်းကြယ်အဆင့် သုံးယောက်ကို ရင်ဆိုင်တိုက်ခိုက်နေခဲ့ရသည်။ အခြေအနေက တဖြည်းဖြည်းနှင့် ပြောင်းလဲလာခဲ့ပေ၏။

ဟဲတကျန်းက နတ်ဘုရားနယ်မြေ၌ အစောကြီးကတည်းက နာမည်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ ဤအချိန်၌ သူက စိုးရိမ်ပူပန်မှုကြောင့် ထိတ်လန့်နေခဲ့ခြင်းမရှိဘဲ ဝူယွမ်ချောင်းနှင့် အောင်းချမ်၏ တိုက်ပွဲအတွင်းသို့ ကြားဖြတ်ဝင်ရောက်လာခဲ့ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "ရှုယွင်ချင်းကို မြန်မြန်သွားပြီးဖြေရှင်းလိုက်… ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူ့ရဲ့အသက်ကို နှုတ်ယူလိုက်တော့….."

ဝူယွမ်ချောင်း၏ နှလုံးသားက အေးစက်သွားခဲ့ပြီး အခြေအနေက ထိုသို့ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားမည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။

သူ၏ ရှေ့မှောက်ရှိ နဂါးမျိုးနွယ် အဖွဲ့သား၏ ခွန်အားက အလွန်ကြောက်စရာကောင်းလှ၏။

ဟဲတကျန်းက အလွန်သတ္တိရှိပြီး တိုက်ခိုက်လိုစိတ် ပြင်းထန်လှသည်။ သူ၏ ဒီဗိုင်းဘုရင်နယ်မြေက ဓားပါးနယ်မြေဖြစ်၏။ အောင်းချမ်နှင့်တိုက်ခိုက်ရာတွင် သူက အောင်းချမ်ကို ဖိနှိပ်ထားနိုင်ခဲ့သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now