Ch 804 - 807

105 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(60)

Chapter-11

(နတ်ဘုရားစိတ်ဝိညာဥ်၏ ထူးဆန်းသော အပြောင်းအလဲ)

"ဒီယီယွမ်က တော်တော်လေးကို သန်မာလွန်းတယ်....."

"သူက အန္တိမအစစ်အမှန်အသိကို နားလည်ထားတာ အချိန်တော်တော်ကြာနေပြီပဲ... အန္တိမအစစ်အမှန်အသိကို သူ့ရဲ့နားလည်မှုက နာလန်ချူးထက် အများကြီးပိုမြင့်တယ်....."

"နာလန်ချူး၊ ယီယွမ်၊ ဟန်ဖုန့်... ဒီတစ်ကြိမ် ပြိုင်ပွဲကြီးမှာ အန္တိမအစစ်အမှန်အသိကို နားလည်ထားတဲ့ လူငယ်ဂျီးနီးယပ်သုံးယောက် ရှိနေခဲ့ပြီ....."

"ဘုရားရေ... ဒီလိုမွန်းစတားမျိုးက ဘယ်လိုလုပ်ပြီး ရှိနေတာလဲ... သူလို ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က အခြားသူတွေ အန္တိမအစစ်အမှန်အသိကို နားလည်အောင် ကူညီပေးနိုင်ခဲ့တယ်....."

လူတိုင်းက သတိပြန်ဝင်လာကြချိန်တွင် အံ့အားတကြီး ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။

အကယ်၍ ယီယွမ်ကသာ "ကောင်းကင်ကိုဆုတ်ဖြဲခြင်း" ပညာရပ်အား အစောကြီးအသုံးပြုခဲ့လျှင် သူက ဟန်ဖုန့်ကို အစောကြီးကတည်းက အလွယ်တကူ အနိုင်ယူနိုင်ပေ၏။

သို့သော် ဟန်ဖုန့်က အန္တိမအစစ်အမှန်အသိကို နားလည်ရန် ခြေတစ်လှမ်းသာ လိုအပ်တော့ကြောင်း ယီယွမ်က မြင်တွေ့ခဲ့သည်။ ထို့ကြောင့် သူက ဟန်ဖုန့်အတွက် ဓားသွေးကျောက်တစ်ခုသဖွယ် လုပ်ဆောင်ပေးပြီး တိုက်ပွဲတွင် စိတ်ရှည်ကျွမ်းကျင်စွာဖြင့် လမ်းညွှန်ပေးခဲ့ကာ တစ်ဖက်လူကို အရေးအကြီးဆုံးခြေလှမ်းအား လျှောက်လှမ်းသွားစေခဲ့ခြင်းပင် ဖြစ်ပေ၏။

လူတိုင်းက ဆွံ့အသွားခဲ့ကြသည်မှာ ဟန်ဖုန့်က အန္တိမအစစ်အမှန်အသိကို နားလည်သွားခဲ့သည့်တိုင် ယီယွမ်ကို ရှုံးနိမ့်သွားခဲ့၍ပင် ဖြစ်သည်။

ယီယွမ်၏စွမ်းအားကို တစ်ချက်ကြည့်ရုံဖြင့် မြင်တွေ့နိုင်ပေ၏။

ယခင်အချိန်များတွင် ယီယွမ်က သူ၏လက်နက်အားသာမှုကို အခွင့်အရေးယူခဲ့သည်ဟု လူတိုင်းက ထင်နေခဲ့ကြသည်။ သို့သော် ယခု ယီယွမ်၏ခွန်အားက မည်မျှအထိ အစွမ်းထက်သည်ကို သူတို့က နောက်ဆုံးတွင် သိရှိသွားခဲ့ကြပြီဖြစ်၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now