687

127 14 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(52)

Chapter-7

(မိတ်ဆွေဟောင်းများနှင့် ပြန်တွေ့ရခြင်း)

တင်းလျန့်၏ ပြားနေသော မျက်နှာကိုကြည့်၍ ယီယွမ်က စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။

မူလက အကြီးအကျယ်တိုက်ခိုက်ရန် ယီယွမ်က တွေးနေခဲ့ပေ၏။ တင်းလျန့်က ကိုယ့်ဒုက္ခကိုယ်ရှာပြီး ယွဲ့မုန့်လီကို စော်ကားပြောဆိုခဲ့မည်ဟု မည်သူက ကြိုသိခဲ့မည်နည်း။

ရဲ့ချင်ကလည်း စိတ်ထားနူးညံ့သော လူတစ်ယောက်မဟုတ်ပေ။ ယီယွမ်က တားဆီးရန်ပြင်ဆင်လိုက်သော်လည်း ရဲ့ချင်က ရိုက်ချက်ထုတ်ဖော်ခဲ့ပြီဖြစ်သည်။

သနားစရာကောင်းသော တင်းလျန့်က အစကတည်းကပင် သွားများတစ်ချောင်းမကျန် ကျွတ်သွားခဲ့၏။

ဤလူနှစ်ယောက်၏ တိုက်ခိုက်မှုကို ယီယွမ်က လုံးဝမတားဆီးနိုင်ခဲ့ပေ။

"အစကတော့ ခင်ဗျားကို မျှမျှတတ တိုက်ခိုက်မယ်လို့ တွေးထားခဲ့တယ်... ခင်ဗျားက ကိုယ့်ဘဝကိုယ် ဖျက်ဆီးမယ်လို့ ဘယ်သူက ကြိုသိခဲ့မှာလဲ... ထားလိုက်တော့... ခင်ဗျားကို ပို့ပေးလိုက်ပါတော့မယ်... ကိုယ့်ဘာသာကိုယ် အဆုံးသတ်လိုက်တာ သက်သာလိမ့်မယ်နော်....." ယီယွမ်က ပြောလိုက်သည်။

တင်းလျန့်က တစ်စုံတစ်ရာကို ပြောဆိုလိုသော်လည်း အချိန်အတော်ကြာ စဥ်းစားလိုက်ပြီးနောက် မည်သည့်စကားကိုမှ ထုတ်မပြောခဲ့ပေ။

ရဲ့ချင်က စိတ်မရှည်တော့ဟန်ဖြင့် လက်ဝါးတစ်ချက်ကို ရိုက်ချခဲ့၏။

တင်းလျန့်က ပြန်လည်ခုခံရန်ပင် အချိန်မရှိခဲ့ဘဲ အသားပုံကြီးဖြစ်သွားခဲ့ပေသည်။

ရဲ့ချင်၏ စောစောက ဤသိုင်းကွက်မှာ အဆင့်(5)ထိပ်ဆုံးအဆင့် ခွန်အားကိုသာ အသုံးပြုခဲ့ခြင်းဖြစ်၏။ သို့သော် တင်းလျန့်က တိုက်ကွက်တစ်ခုကိုပင် တောင့်မခံနိုင်ခဲ့ပေ။

အဆင့်(7)ပုဂ္ဂိုလ်ကြီးတစ်ယောက်က အဆင့်(5)ခွန်အားကိုသာ အသုံးပြုသည့်တိုင် ထိုခွန်အားက အဆင့်(5)သိုင်းပညာရှင်တစ်ယောက် တောင့်ခံနိူင်သောအရာ မဟုတ်ပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now