Book ( 64 ) Ch 1 - 2 ( or ) Ch 851 - 852

107 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(64)

Chapter-1

(မမျှော်လင့်ထားသော အပြောင်းအလဲများ ထပ်မံဖြစ်ပေါ်လာခြင်း)

"ကျားလန်… မတွေ့တာကြာပြီနော်….."

အရိုးစု၏ စကားများက မိတ်ဆွေဟောင်းများ အချင်းချင်း  ပြန်လည်တွေ့ဆုံရသော အရိပ်အယောင်များ ပါဝင်နေခဲ့ပေသည်။

"မင်း… မင်းက ဖိနှိပ်ခြင်းဆေဘာဓား ရှင်းအောင်းထျန်းပဲ… မင်းက တကယ်မသေသေးဘူးပေါ့….." ဖင်းဂေါ့၏ စကားများထဲတွင် ထိတ်လန့်တုန်လှုပ်နေဟန်များ ပေါ်လွင်နေခဲ့၏။

"သေသွားပြီ… အစောကြီးကတည်းက သေသွားခဲ့ပြီ… ဒါပေမဲ့ မင်းက မသေသေးဘူးဆိုတော့ ငါက ဘာမှပြင်ဆင်မထားခဲ့ဘဲ စိတ်ချက်လက်ချ သေသွားနိုင်ပါ့မလား… အသိစိတ်အကြွင်းအကျန်တစ်ခု ချန်ထားရစ်ခဲ့တာက ဒီနေ့လို အခြေအနေအတွက်ပဲ….." အရိုးစုက အေးအေးဆေးဆေး ပြောဆိုလိုက်သည်။

ဖင်းဂေါ့၏ ခန္ဓာကိုယ်မှ မိစ္ဆာချီက ပိုမိုလျော့နည်းလာခဲ့၏။ စောစောလေးက ဒဏ်ရာကြောင့် သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသည်မှာ သိသာလှပေသည်။

သူက ထိုစကားကိုကြားသော် ဖင်းဂေါ့က ဒေါသတကြီး ပြောဆိုခဲ့၏။ "သောက်သရဲကောင်… မင်းက သေသွားတာတောင် အေးအေးချမ်းချမ်း သေမသွားနိုင်ဘူးပဲ… ဒါပေမဲ့ အဲဒီလိုဆိုရင်ကော ဘာဖြစ်လို့လဲ… စောစောလေးက မင်းရဲ့  ဆေဘာဓားချက်က မင်းရဲ့ အထွတ်အထိပ်ခွန်အား တစ်သောင်းပုံတစ်ပုံတောင် မရှိတော့ဘူး… မင်းက ငါ့ကို ဘာလုပ်နိုင်မှာလဲ… အကြွင်းမဲ့ကောင်းကင်သခင် ကိုယ်တိုင်တောင် ငါ့ကို မသတ်နိုင်ခဲ့ဘူးဆိုတော့ မင်းကရော ဘာလုပ်နိုင်မှာလဲ….."

အရိုးစု၏မျက်နှာ၌ လူသေတစ်ယောက်၏ ပုံစံသာ ရှိနေပေသေးသည်။ လုံးဝပင် ပြောင်းလဲမှုမရှိခဲ့ပေ။

သို့သော် အရိုးစုက ယီယွမ်ဆီသို့ လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာပင် ပြောဆိုခဲ့၏။ "တကယ်တော့ ငါမင်းကိုမသတ်နိုင်ဘူးဆိုတာ ကောင်းကောင်းသိပါတယ်… ဒါပေမဲ့ အကြွင်းမဲ့ကောင်းကင်သခင်ရဲ့ စိတ်ဆန္ဒကို တစ်စုံတစ်ယောက်က အမွေဆက်ခံထားတယ်… တကယ်လို့ မင်းက လူသားမျိုးနွယ်ကို ဒုက္ခပေးချင်တယ်ဆိုရင် အဲဒါက အလွယ်တကူ အောင်မြင်လာမှာ မဟုတ်တော့ဘူး….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now