Ch 909 - 910

110 15 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book ( 68 )

Chapter-3

(ဒီစျေးပဲ)

"ဟားဟား… ဒီမတော်တဆမှုအတွက် စိတ်မကောင်းပါဘူး… ဒါက တော်တော်ကြီးသွားတယ်….." ယီယွမ်က ပြုံးဖြဲဖြဲလုပ်၍ ပြောဆိုခဲ့သည်။

သူက ထိုကိစ္စအတွက် စိတ်မကောင်းကြောင်း ပြောနေခဲ့သည့်တိုင် သူ၏မျက်နှာအမူအရာက ရှက်ရွံ့မှုရှိဟန် လုံးဝမပေါ်ခဲ့ပေ။

လက်ရှိအချိန်တွင် ရေကန်အတွင်းမှရေက အပူပေးခြင်း ခံလိုက်ရသလိုပင် ရေကန်တစ်ခုလုံးက ဆူပွက်လာခဲ့၏။

လေပူဖောင်းများက ရေမျက်နှာပြင်တွင် တစ်ခုပြီးတစ်ခု ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ မျက်စိတစ်မှိတ်အချိန်အတွင်း လူတိုင်း၏ မျက်စိရှေ့တွင် လေပူဖောင်းများနှင့် ပြည့်နှက်သွားခဲ့ပေ၏။

"ဝှူး….."

သတ်ဖြတ်ခြင်းဗိုလ်ချုပ် အားလုံးက ကူရာကယ်ရာမဲ့စွာဖြင့် လေအေးများကို ရှူသွင်းလိုက်ရပြီး သူတို့၏ မျက်စိရှေ့မှ ဤမြင်ကွင်းကြောင့် အံ့အားသင့်နေခဲ့ကြသည်။

"ဟားဟားဟား… ဘယ်လိုဧရာမဟာသကြီးလဲ… လောင်ယန်… စောစောလေးက မင်းဘာပြောလိုက်တာလဲ… တကယ်လို့ မင်းမှာ အစွမ်းရှိတယ်ဆိုရင် နောက်တစ်ကြိမ်လောက် ထပ်ပြောစမ်းပါဦး… လူသားနယ်မြေအတွင်းမှာ မင်းတို့ လောင်မိသားစုရဲ့ နဂါးမျိုးနွယ်သွေးမျိုးဆက်က နံပါတ်တစ်ဆို… ဒီဟာသက အဆုံးစွန်အထိကို ရယ်စရာကောင်းတာပဲ….." လုလီက ပထမဆုံး သတိဝင်လာခဲ့သူဖြစ်ပြီး လောင်ယန်ကိုကြည့်နေသော သူ၏အကြည့်က လှောင်ပြောင်လိုမှုများ ပြည့်နှက်နေခဲ့ပေ၏။

လောင်ယန်၏ မောက်မာဝံ့ကြွားသော အမူအရာကို လုလီက အမှန်တကယ် မျက်မုန်းကျိုးနေခဲ့ပြီဖြစ်သည်။

ယခု ယီယွမ်ထွက်လာချိန်တွင် လောင်ယန်၏မျက်နှာကို ကျယ်လောင်စွာ ရိုက်နှက်နိုင်ခဲ့ပြီဖြစ်၏။ လုလီ၏စိတ်ထဲ၌ အလွန့်အလွန် ဝမ်းသာနေခဲ့ပေသည်။

"ဒါက… ဒါက တော်တော်လေးကို အတုအယောင်ဆန်နေတာ မဟုတ်ဘူးလား… လေပူဖောင်းတွေ ဒီလောက်အများကြီးကို ဆင့်ခေါ်နိုင်ခဲ့တယ်ဆိုတော့ ဒီကောင်လေးရဲ့ နဂါးမျိုးနွယ်သွေးမျိုးဆက်က ဘယ်လိုအဆင့်မျိုးကို ရောက်နေပြီလဲ….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now