Ch - 663

135 15 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(50)

Chapter-11

(တစ်ဦးတည်းသောအနိုင်ရသူ)

လက်ရှိအချိန်၌ ဖမ်းယွင်၏ စိတ်အခြေအနေမှာ အတိတ်၌ ဝံပုလွေဖန့်၏ စိတ်အခြေအနေနှင့် အလွန့်အလွန် တူညီနေခဲ့သည်။

သိသာစွာပင် သူ၏အမြန်နှုန်းက ယီယွမ်ထက် အနည်းငယ်ပိုမိုမြန်ဆန်နေခဲ့၏။ သို့သော် သူက ယီယွမ်ကို လိုက်မီသွားသောအချိန်၌ သူ၏ခန္ဓာကိုယ်က အကျိုးသင့်အကြောင်းသင့် မရှိတော့ဘဲ အနည်းငယ်နှေးကွေးသွားခဲ့ရသည်။

သို့သော်လည်း သူ့အတွက် ထိုအနည်းငယ်နှေးကွေးမှုက ယီယွမ်ကို  လုံးဝဖမ်းမမိနိုင်ခဲ့ပေ။

ဤသို့သောခံစားချက်အခြေအနေကို မည်သို့ဖြစ်နေကြောင်း ပြောနေစရာမလိုအပ်တော့ပေ။

ခွန်ပန်သွေးမျိုးဆက်က ဒီဗိုင်းသားရဲသွေးမျိုးဆက်များတွင် ခွန်အားအရာ၌ စွမ်းရည်အကောင်းဆုံးဟူသော နာမည်ဂုဏ်သတင်းနှင့် ကောင်းစွာထိုက်တန်ပေ၏။ ယီယွမ်၏ လေလျှပ်စီး အလင်းလွန်းပျံပညာရပ်က အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိနေသည့်တိုင် ထိုအရာက ဖမ်းယွင်ထက် အနည်းငယ်ပိုအားနည်းနေခဲ့သည်။

သို့သော် မူလသံလိုက်ကွင်းပြင်၌မူ ဖမ်းယွင်က သူ့ကိုလိုက်မီရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။

တစ်ချက်ခုန်လိုက်ပြီးနောက် ယီယွမ်က  မိုင်ပေါင်းအနည်းငယ်သို့ ချက်ချင်းရောက်ရှိသွားခဲ့၏။

"ပြေးချင်တာလား...  ဘာလို့အဲဒီလောက် လွယ်ကူမှာလဲ....."

ဖမ်းယွင်က သူ၏အစစ်အမှန်ခွန်အားကို ထုတ်ဖော်၍ တုံ့ဆိုင်းမှုမရှိဘဲ နောက်မှထပ်တူလိုက်ပါသွားခဲ့သည်။

တောင်တစ်ထောင်မဟာငှက်ကလန်က အလွန့်အလွန် မာနကြီးသော မျိုးနွယ်တစ်ခုဖြစ်၏။ သူ၏အကျွမ်းကျင်ဆုံး အမြန်နှုန်းဖြင့် အနိုင်မယူနိုင်ခဲ့ရာ ဤအရာက ဖမ်းယွင်ကို မျက်နှာပျက်စေသလို ခံစားခဲ့ရသည်။

သို့သော်လည်း ဖမ်းဟိုင်က ဤမြင်ကွင်းကိုမြင်သော် သူ၏မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။ "သခင်ငယ် ဂရုစိုက်ပါ….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now