Ch 881 - 882

107 14 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book ( 66 )

Chapter-3

(မိစ္ဆာကြိုးဝိုင်း)

ယီယွမ်က တန်စစ်၏ မျက်ခုံးနှစ်ဖက်ကြားကို ကြည့်လိုက်သောအခါ သွေးနီရောင်ကြယ်ငါးပွင့်ကို တွေ့လိုက်ရပေသည်။

"ကြယ်ငါးပွင့် ဝိညာဥ်ဗိုလ်ချုပ်… မဆိုးပါဘူး….." ယီယွမ်က မသက်ဆိုင်သောအဖြေတစ်ခုကို ပြန်ဖြေပေးလိုက်၏။

ဤတစ်ကြိမ်က အမှန်တကယ်ပင်    သတ်ဖြတ်ခြင်းမြက်ခင်းပြင်သို့ ပထမဆုံးအကြိမ်အဖြစ် ယီယွမ်က  ဝင်ရောက်လာခြင်းဖြစ်သည်။ သို့သော် သူက ယခင်အတိတ်ဘဝတွင်  နတ်ဘုရားနယ်မြေ၏ အထွတ်အထိပ်အဆင့်  ပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။ သူက ဤနေရာရှိ စည်းမျဥ်းစည်းကမ်းများကို ကောင်းစွာသိရှိထားပေသည်။

သို့ရာတွင် ဤကိစ္စများကို ယီယွမ်က တန်စစ်သိစေရန် ပြောပြလိုခြင်းမရှိပေ။

ယီယွမ်၏ရှေ့မှောက်တွင် သူက မည်သို့ဆက်လုပ်ရမည်ကို မသိတော့အောင် ဖြစ်သွားသည်ဟု တန်စစ်က ရုတ်တရက် တွေ့လိုက်ရ၏။

မူလတွင် တန်စစ်က အလွန်ရက်စက်ပြီး ဒေါသကြီးသည့် လူတစ်ယောက်ဖြစ်သည်။ သူက လက်ရှိခွန်အားကို ပိုင်ဆိုင်ခြင်းမရှိခင်အချိန်၌ သေခြင်းရှင်ခြင်း တိုက်ပွဲများအကြားတွင် နှစ်ပေါင်းအနည်းငယ်ကြာ ကျင်လည်ခဲ့ရဖူး၏။

တစ်ဖက်ရန်သူက မည်မျှပင် အစွမ်းထက်စေကာမူ သူက တစ်ဖက်လူကို သတ်ဖြတ်နိုင်သည့် နည်းလမ်းများကို အမြဲတမ်း ရှာဖွေတွေ့ရှိပြီး သုတ်သင်နိုင်ခဲ့သည်။

သို့သော် ယီယွမ်နှင့် ဆုံတွေ့ချိန်တွင် သူက အစွမ်းမဲ့သည့် ရှုပ်ထွေးသော ခံစားချက်တစ်ခုကို ခံစားနေခဲ့ရ၏။

ရုတ်တရက်ပင် တန်စစ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ယီယွမ်ကို တစ္ဆေသူရဲမြင်လိုက်ရသလို ကြည့်လိုက်ပေသည်။

"မင်း… မင်းက သတ်ဖြတ်ခြင်းမြက်ခင်းပြင်ကို အခုမှ ဝင်ရောက်လာခဲ့တာတောင် မင်းက ကြယ်သုံးပွင့် ဝိညာဥ်ဗိုလ်ချုပ်အဆင့်ကို ရောက်နေခဲ့ပြီပဲ….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now