885 - 886

100 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book ( 66 )

Chapter-7

(ကြီးမြတ်သူ)

ယီယွမ်လှုပ်ရှားသည်ကိုမြင်သော် တုကန်းက ဒေါသထွက်သွားခြင်းမရှိပေ။ သူက ဝမ်းသာသွားခဲ့ပြီး ကျယ်လောင်စွာရယ်မော၍ ပြောဆိုခဲ့သည်။ "အချိန်မီရုံလေးပဲ….."

ယီယွမ်၏ ဤလက်သီးချက်က လျင်မြန်ခြင်းမရှိပေ။ အဆင့်(2) ကောင်းကင်ဘုံသိမြင်ခြင်းနယ်ပယ် သာမန်သိုင်းပညာရှင်များနှင့် များစွာကွာခြားခြင်းမရှိပေ။

ထို့ကြောင့် တုကန်း၏အမြင်တွင် ယီယွမ်က အရိုက်နှက်ခံလိုခြင်းသာ ဖြစ်ပေ၏။

တန်စစ်က သူ၏ခေါင်းကိုခါယမ်း၍ သက်ပြင်းတစ်ချက်ချပြီး ပြောဆိုခဲ့သည်။ "သေချင်နေတဲ့ ငတုံးနောက်တစ်ယောက်ပဲ….."

ထိုအမျိုးသမီးက တန်စစ်၏ သက်ပြင်းချသံနှင့် စကားပြောလိုက်မှုကို ကြားလိုက်ရချိန်တွင် သူမ၏ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးသွားဟန် ပေါ်လွင်လာခဲ့၏။

မူလတွင် တန်စစ်က ကူညီတိုက်ခိုက်ပေးမည်ဟုသာ သူမက ထင်ထားခဲ့ပေသည်။ မည်သို့ပင်ဆိုစေကာမူ တန်စစ်၏ခွန်အားက အများကြီး ပိုမိုအစွမ်းထက်ပုံရပေ၏။ သို့သော် တန်စစ်က ကူညီတိုက်ခိုက်ပေးမည့် ရည်ရွယ်ချက်မရှိခဲ့ဘဲ တုကန်းကို အပြစ်တင်နေခဲ့သည်။

ဒီနှစ်ယောက်က အရူးတွေတော့ မဟုတ်လောက်ပါဘူးနော်…..

ထိုအမျိုးသမီး၏စိတ်ထဲ၌ ထိုသို့တွေးလိုက်မိပေ၏။

တုကန်းက ရုတ်တရက်ပင် သူ၏လက်သီးချက်ကို ထုတ်ဖော်လိုက်သည်။ သူ၏အမြန်နှုန်းက ပုံမှန်မဟုတ်သည်အထိ ထူးခြားနေခဲ့၏။ ထိုလက်သီးချက်ကို ယီယွမ်၏နောက်မှ ထုတ်ဖော်ခဲ့ခြင်းဖြစ်သော်လည်း ထိုလက်သီးချက်က အရင်ရောက်ရှိလာခဲ့သည်။

သူ၏နှုတ်ခမ်းထောင့်၌ လှောင်ပြုံးတစ်ခု ထွက်ပေါ်နေခဲ့၏။ ယီယွမ်က မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး သနားညှာတာပေးရန် တောင်းပန်နေသည့်ပုံကို သူက ကြိုမြင်နေခဲ့ပြီဖြစ်သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now