Chapter 660

162 17 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(50)

Chapter-7

(ကလန်နှစ်ခု၏ မဟာတိုက်ပွဲကြီး)

စောစောလေးတွင် ဝက်ဝံကလန်ဘက်၌ သေဆုံးရန်ပြင်ဆင်ထားကြပြီးဖြစ်၏။

ကျိဖုန်းက ရုတ်တရက်ပင် ဖြေရှင်းတော့မည်အချိန်တွင် သူတို့က တောင်ခံနိုင်စွမ်းမရှိကြောင်း သိကြပေသည်။

သို့သော် ဤအသံက အလွန်ကြမ်းတမ်းသော်လည်း ကောင်းကင်နှင့်လိုက်ဖက်ညီနေခဲ့၏။

သို့ရာတွင် ကျိဖုန်းက ထိုအသံကိုကြားသော် သူ၏မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ အာရုံစိုက်၍ ကြည့်လိုက်သောအခါ လူတိုင်း၏ရှေ့၌ လူနှစ်ယောက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။

"ဟက်… သောက်ဖြစ်မရှိတဲ့ ခရမ်းနုရောင်ရေနဂါး… မီးလောင်နေတဲ့အိမ်ကို အခွင့်ကောင်းယူပြီး သိမ်းယူမလို့ ကြံစည်နေတာပေါ့….."

ရှောင်ကျန့်က ကျိဖုန်း၏ရှေ့သို့ ရောက်လာခဲ့ပြီး သူ၏အော်ရာက ကြောက်စရာကောင်းနေခဲ့သည်။

အခုအချိန်မှာ သူကဘာလို့ အားမနည်းနေရတာလဲ… သူ့တစ်ကိုယ်လုံးက စိတ်ဝိညာဥ်၊ချီနဲ့ အသက်ဓာတ်အားလုံးက အကောင်းဆုံးအခြေအနေကို ရောက်ရှိနေတယ်… အရင်ကထက် နည်းနည်းပါးသွားတာကလွဲပြီးတော့​ သူ့ရဲ့အခြေအနေက တော်တော်ကောင်းနေတယ်….

ဤမြင်ကွင်းကိုမြင်သော် ရှောင်တိုင်းက ရှောင်ကျန့်၏ဘေးတွင်ရှိသော ယီယွမ်ကို အံ့ဩစွာကြည့်လိုက်ပြီး သူ၏မျက်လုံးများတွင် လေးစားမှုများ ပြည့်နှက်နေခဲ့၏။

ဒီကောင်က တကယ်စွမ်းဆောင်နိူင်ခဲ့တာပဲ… ပြီးတော့ တော်တော်လေး မြန်ဆန်နေတယ်…..

အကယ်၍ နောက်ထပ်၁၅မိနစ်ခန့် နောက်ကျသွားမည်ဆိုလျှင် သူတို့အားလုံးက ကျိဖုန်း၏လက်ထဲ၌ သေဆုံးသွားရပေတော့မည်။

ဤအဖိုးကြီးကျိဖုန်းက စိတ်ထားကောင်းသောသူ မဟုတ်ပေ။ ရှောင်ကျန့်က တစ်ခုခုဖြစ်နေသည်ဟု အတည်ပြုနိုင်သည်နှင့် သနားညှာတာခြင်းမရှိတော့ပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now