Ch 789 - 793

112 8 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(59)

Chapter-11

(သွေးနီဆည်းဆာတော်ဝင်မြေ)

ယန်စင်းက သူ့အား မေးမြန်းမည်ဟူ၍ ယီယွမ်က ထင်မှတ်မထားခဲ့ပေ။ သူက အပြုံးဖြင့် ပြန်လည်ပြောဆိုလိုက်သည်။ "ဒီကိစ္စကို စိတ်ပူနေတာထက် ရရှိထားတဲ့ အချိန်တစ်လကို အကောင်းဆုံးအသုံးချပြီးတော့ ကြိုးစားကျင့်ကြံသင့်တယ်လေ... လူတိုင်းရဲ့ခွန်အားက အတူတူနီးပါးမှာ ရှိနေတယ်... ခွန်အားအရာမှာ တိုးလာမှုတိုင်းက အနိုင်ရဖို့အခွင့်အရေး တိုးတက်လာတာပဲ....."

ယန်စင်းက အံ့ဩသွားခဲ့၏။ ယီယွမ်က ထိုသို့သောစကားမျိုးကို ပြောဆိုခဲ့မည်ဟု သူက လုံးဝမျှော်လင့်မထားခဲ့ပေ။

သေသေချာချာ စဥ်းစားလိုက်လျှင် ထိုကိစ္စက အဓိပ္ပာယ်ရှိပေသည်။

အကယ်၍ ခွန်အားကွာခြားမှု အလွန်ကြီးမားနေလျှင် အချိန်တစ်လက အသုံးမဝင်တော့ပေ။

သို့သော် ဤလူ၆၀၏ ခွန်အားက ကွာခြားမှုကြီးမားခြင်း မရှိပေ။ မည်သူမဆို အနိုင်အရှုံး တိတိကျကျ သတ်မှတ်မရနိုင်ပေ။

ဤသို့သော အခြေအနေမျိုးတွင် တစ်လအချိန်က ကိစ္စအများကြီး ပြုလုပ်ရန် လုံလောက်ပေ၏။

ယီယွမ်၏စကားများက အခြားလူများ၏စိတ်ကို သက်သာရာရသွားစေခဲ့သည်။ သို့သော် အလျင်လိုမှုများ ဖြစ်လာခဲ့ကြ၏။

အကယ်၍ ဤနေရာတွင် ယန်စင်းရှိမနေခဲ့လျှင် သူတို့က ချက်ချင်းပင် သွားရောက်လေ့ကျင့်ကြပေမည်။

ယန်စင်းက ယီယွမ်ကို အံ့ဩစွာဖြင့် ကြည့်လိုက်ပေသည်။ ဤလူငယ်လေးက အခြားသူများထက် အတွေးအခေါ် ပိုမိုမြင့်မားနေခဲ့ပြီး သူ၏အသက်အရွယ်နှင့် လိုက်ဖက်ခြင်းမရှိပေ။

"ယီယွမ်... မင်းက စင်မြင့်ကို ကာကွယ်နေချိန်မှာ ချန်ထားတဲ့ခွန်အားတွေ ရှိနေသေးတယ်ဆိုတာ ငါမြင်တွေ့ခဲ့တယ်... ဒီတစ်ကြိမ် နောက်ဆုံးပြိုင်ပွဲကြီးမှာ ဘယ်အဆင့်ကို မျှော်မှန်းထားတာလဲဆိုတာ သိလို့ရမလား....." ယန်စင်းက မေးမြန်းလိုက်၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now