Ch 697

103 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(53)

Chapter-3

(နတ်ဘုရားနယ်မြေမှာ ငါ့ကိုစောင့်နေပါ)

ကျိုးယန်၏ခြိမ်းခြောက်မှုကို ယီယွမ်က စိုးရိမ်ခြင်းမရှိပေ။

သူ၏စိတ်က လှုပ်ခါသွားခဲ့ပြီး ရဲ့ချင်ကို အပြင်ထုတ်လိုက်၏။

"ရဲ့ချင်… လီအာက အဇူရာစိတ်ဝိညာဥ် နှလုံးပေါင်းစပ်အရည်ကို လိုအပ်နေပြီ….." ယီယွမ်က ရဲ့ချင်ကိုပြောခဲ့သည်။

"အင်း… ဒီမှာ… ရော့….."

ရဲ့ချင်က အဇူရာစိတ်ဝိညာဥ် နှလုံးပေါင်းစပ်အရည်ကို အလွန်သဘောထားကြီးစွာဖြင့် ထုတ်ပေးလိုက်သော်လည်း ခွန်အားအတိအကျ မသိနိူင်သော ကျိုးယန်ကို အလွန်သတိထားနေခဲ့၏။

ယီယွမ်က အဇူရာစိတ်ဝိညာဥ် နှလုံးပေါင်းစပ်အရည်ကို ယူလိုက်ပြီး ယွဲ့မုန့်လီရှေ့သို့လာ၍ ပြောဆိုခဲ့သည်။ "မင်းရဲ့ အသက်ကယ်တဲ့ကျေးဇူးကို ကျေးဇူးအများကြီးတင်ပါတယ်… ဒါပေမဲ့… ဒါက နောက်ဆုံးအကြိမ်ပဲလို့ ငါမင်းကိုကတိပေးတယ်… ပါးစပ်ဟ….."

ယွဲ့မုန့်လီက ယီယွမ်ကို တစ်ချက်ကြည့်ပြီး နာခံစွာဖြင့် ပါးစပ်ဟပေးလိုက်၏။

ယီယွမ်က စကားအများကြီးမပြောခဲ့ပေ။ သူက ယွဲ့မုန့်လီ၏ ပါးစပ်ထဲသို့ အဇူရာစိတ်ဝိညာဥ် နှလုံးပေါင်းစပ်အရည်ကို လောင်းထည့်ပေးခဲ့သည်။

အဇူရာစိတ်ဝိညာဥ် နှလုံးပေါင်းစပ်အရည်က သူမ၏ဝမ်းဗိုက်ထဲသို့ ဝင်ရောက်သွားသည်နှင့် စောစောလေးတွင် နာကျင်စုတ်ပြဲနေသော ယွဲ့မုန့်လီ၏ နတ်ဘုရားစိတ်ဝိညာဥ်က အများကြီးသက်သာခဲ့၏။ သူမ၏ မျက်နှာအမူအရာကလည်း သွေးရောင်လွှမ်းလာခဲ့ပေသည်။

အစမှအဆုံးထိ ယီယွမ်၏ မျက်နှာအမူအရာက တည်ငြိမ်နေခဲ့၏။

သို့သော် စောစောက ကျိုးယန်၏အပြုအမူများက ယီယွမ်ကို အလွန်ဒေါသထွက်သွားစေကြောင်း ယွဲ့မုန့်လီက သိနေခဲ့သည်။

ကျိုးယန်၏ မျက်လုံးထဲ၌ ယီယွမ်က တောကြိုအုံကြားမှ လူတစ်ယောက်သာဖြစ်၏။ သို့သော် ယီယွမ်က နတ်ဘုရားနယ်မြေရှိ ဂျီးနီးယပ်များထက် ပိုမိုသာလွန်သော အရည်အချင်းကို ပိုင်ဆိုင်ထားကြောင်း ယွဲ့မုန့်လီက သိရှိပေသည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now