694

113 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(52)

Chapter-14

(မင်းတို့အစွမ်းပြရမယ့် အလှည့်ပဲ)

"ဒါဆိုရင် ခင်ဗျားက ရွှယ်မိသားစုခေါင်းဆောင်ပေါ့....."

ရွှယ်ဟုန်ဖေးက စိတ်ဝိညာဥ်ရင်းမြစ်ကိုးခုပြောင်းလဲခြင်းကို မည်သို့အသုံးပြုရမည်အား သိရှိနေသည့်အတွက် ယီယွမ်က အနည်းငယ် အံ့ဩသွားခဲ့သော်လည်း ရုတ်တရက် နားလည်သွားသော မျက်နှာအမူအရာတစ်ခု ပေါ်လာခဲ့သည်။

အမှန်တကယ်တွင် ရွှယ်ဟုန်ဖေး၏ ခွန်အားတိုးတက်မှုကို ယီယွမ်က စိတ်ထဲထည့်မထားခဲ့ပေ။

သို့သော် ယီယွမ်၏ ရွှယ်ဟုန်ဖေးကြောင့် အံ့အားသင့်ရမှုက သိသာသွားခဲ့၏။

"ဟားဟား... အခုမှသိတာလား... တော်တော်နောက်ကျသွားပြီ....." ရွှယ်ဟုန်ဖေးက အရာအားလုံး သူ၏ထိန်းချုပ်မှုအောက်၌ ရှိနေသော အမူအရာတစ်ခုရှိနေခဲ့ပေသည်။

ယီယွမ်က ကူရာကယ်ရာမဲ့နေဟန်ဖြင့် ပြောဆိုလိုက်၏။ "တော်တော်နောက်ကျသွားပြီဟုတ်လား... ကျုပ်က ဘာလို့များ အဲဒီလိုမခံစားရတာလဲ... ဒီလောကမှာ သူတို့ကိုယ်သူတို့ပဲ အကောင်းဆုံးလို့ထင်တဲ့သူတွေ အမြဲတမ်းရှိနေတာပေါ့....."

ရွှယ်ဟုန်ဖေးက အေးစက်သောအပြုံးတစ်ခုဖြင့် ပြောဆိုခဲ့သည်။ "ကောင်းပြီ... စကားပြောနေတာတွေ လုံလောက်သွားပြီ... ငါက မင်းရဲ့လှည့်ကွက်ထဲ ကျရောက်သွားမယ်လို့ မင်းထင်နေတာလား....."

ထိုစကားကိုကြားသော် ယီယွမ်က ရယ်မောလိုက်ပြီး ပြောဆိုခဲ့ပေ၏။ "ခင်ဗျားက စိတ်ဝိညာဥ်ရင်းမြစ်ကိုးခုပြောင်းလဲခြင်းကို တစ်နာရီအချိန်ပဲ အသုံးပြုနိုင်တယ်လို့ ကျောက်ချန်ကန်းက ပြောထားခဲ့တာကို ငါမေ့သွားတော့မလို့ပဲ... ဟားဟား... ဒါပေမဲ့ ဒီကိစ္စက တစ်နာရီတောင် ကြာတော့မှာ မဟုတ်ပါဘူး....."

ထိုသို့ပြောရင်း ယီယွမ်ကလည်း စိတ်ဝိညာဥ်ရင်းမြစ်ကိုးခုပြောင်းလဲခြင်းကို အသုံးပြုခဲ့၍ သူ၏အော်ရာက အကြီးအကျယ် မြင့်တက်လာခဲ့သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now