Ch 705

99 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(53)

Chapter-11

(ကျောက်ထျန်းရင်,မင်းသေသင့်တယ်)

"ကျောက်ထျန်းရင်… ထွက်လာခဲ့စမ်း….."

ဗဟိုမြို့တော်၏အထက်ရှိ ကောင်းကင်ယံ၌ လူတစ်ယောက်က လေထဲတွင် ရပ်နေခဲ့ပေသည်။

ယီယွမ်၏အသံက မိုးခြိမ်းသံတစ်ခုကဲ့သို့ ဗဟိုမြို့တော်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။

ယီယွမ်က မြို့အကာအကွယ် မဟာဝင်္ကပါကို ချက်ချင်းဖြတ်ကျော်လာခဲ့ပြီး မြို့တော်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဤအချိန်၌ သူက ယခင်တစ်ကြိမ်ကကဲ့သို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ရန် မလိုအပ်တော့ပေ။ လက်ရှိအချိန်၌ သူက ကျောက်ထျန်းရင်နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း ရှိလာခဲ့ပြီဖြစ်၏။

ယီယွမ်၏ အော်သံက အားလုံး၏အာရုံကို ချက်ချင်းဖမ်းစားသွားခဲ့သည်။

"ဒါက… အဲဲဒါဘယ်သူလဲ… အရှင်လေအင်ပါယာရဲ့နာမည်ကို ရိုသေလေးစားမှုမရှိဘဲ တိုက်ရိုက်ခေါ်ဆိုရဲတယ်ပေါ့… သူက သေချင်နေတာလား….."

"မင်းရူးနေတာလား… ဒီကောင်လေးက မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ရောက်လာတယ်ဆိုတာ သိသာနေတာပဲ… တကယ်လို့ သူက အရူးတစ်ယောက်မဟုတ်ရင် သူက စစ်မှန်တဲ့စွမ်းရည်ရှိတာပဲ ဖြစ်လိမ့်မယ်… သူက သေချင်လား မသေချင်ဘူးလားဆိုတာ မင်းဘယ်လိုမျိုးထင်လို့လဲ....."

"မင်းကရူးနေတာကွ… ဒီလောကမှာ ဘယ်သူကများ အရှင်လေအင်ပါယာရဲ့ ပြိုင်ဖက်ဖြစ်နိုင်မှာလဲ… သူက အကန့်အသတ်မဲ့နယ်ပယ် ပုဂ္ဂိုလ်ကြီးတစ်ယောက်လေ… ဒီကောင်လေးရဲ့ခွန်အားက တော်တော်လေးကောင်းနေရင်တောင် သူက အဆင့်(1) ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ပဲ….."

“. . . . . .”

ထိုလူက ပြန်လည်ပြောဆိုရန် စကားမရှိတော့ပေ။

ပြင်းထန်သောမုန်တိုင်းကမ္ဘာကြီးမှ သိုင်းပညာရှင်များ၏အမြင်တွင် ယီယွမ်က ဤနေရာသို့လာ၍ သူ့ကိုယ်သူ သေကြောင်းကြံခြင်းသာ ဖြစ်ပေ၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now