Ch 861 - 862

105 14 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book ( 64 )

Chapter-11

(နှစ်ထပ်ကွမ်း ပျော်ရွှင်မှု)

သွေးနီဆည်းဆာတော်ဝင်မြေ၏ လမ်းမပေါ်တွင် လူငယ်တစ်စုက လူငယ်လေးတစ်ယောက်၏ အနီးတွင် အလွန်စိတ်လှုပ်ရှားနေဟန်ဖြင့် ရှိနေခဲ့ကြပေသည်။

"သခင်ငယ်… သခင်ငယ် အဆင်ပြေနေတဲ့အတွက် တော်တော်ကောင်းပါတယ်… ဒီတစ်နှစ်အတွင်းမှာ ကျွန်တော်တို့က သခင်ငယ်အတွက် ဘယ်လောက်အထိ စိတ်ပူနေရလဲဆိုတာကို သခင်ငယ်က သိနိုင်မှာမဟုတ်ပါဘူး….."

"ဟုတ်ပါတယ် သခင်ငယ်… အကြီးအကဲဝူ ပြန်ရောက်လာပြီးတဲ့နောက်မှာ သခင်ငယ်ရဲ့ အခြေအနေက တော်တော်ဆိုးရွားနေတယ်လို့ ပြောခဲ့တဲ့အတွက် ကျွန်တော်တို့က သခင်ငယ်ကို သေမတတ် စိုးရိမ်နေခဲ့ရပါတယ်… သခင်ငယ်က ကျွန်တော်တို့ သွေးနီဆည်းဆာတော်ဝင်မြေရဲ့ အနာဂတ်ပါ… သခင်ငယ် တစ်ခုခုဖြစ်သွားလို့ မရပါဘူး….."

"အာ… သခင်ငယ်… သ… သခင်ငယ်က… ကောင်းကင်ဘုံသိမြင်ခြင်းနယ်ပယ်ကို တက်ရောက်သွားခဲ့ပြီလား….."

ဤလူငယ်များက ယီယွမ်ကို စံပြပုဂ္ဂိုလ်တစ်ယောက်ကဲ့သို့ မှတ်ယူထားခဲ့ကြောင်း ပြောနိုင်ပေ၏။ ဤတစ်နှစ်တာအချိန်အတွင်း
သူတို့က ယီယွမ်အတွက် အလွန်စိုးရိမ်နေခဲ့ကြသည်။

ယီယွမ်က သခင်ငယ်ဖြစ်လာခဲ့သည်မှာ အချိန်မကြာသေးသည့်တိုင် သူ၏စွမ်းရည်များဖြင့် လူအများ၏ နှလုံးသားကို သိမ်းပိုက်သွားနိုင်ခဲ့ပြီဖြစ်၏။

ဝူစစ်ယွမ်ကိုယ်တိုင်ပင် ယီယွမ်ကို လေးစားနေခဲ့ပြီဖြစ်ရာ အခြားသူများဆိုလျှင် ပြောနေစရာပင်  မလိုအပ်တော့ပေ။

ထို့ပြင် ဝိညာဥ်သိုင်းပညာဒီဗိုင်းဘုရင် ကျုံးကျိကျန်း၏ ယခင်တစ်ကြိမ် ရောက်ရှိလာမှုက လူငယ်များ၏ နှလုံးသားထဲတွင် ယီယွမ်အပေါ် လေးစားအားကျမှုများက ပို၍မြင့်မားလာခဲ့ပေသည်။

ထိုသို့ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်တစ်ယောက်နှင့် ပတ်သက်မှုရှိနေသည့်အတွက် ဤသခင်ငယ်က အမှန်တကယ်ပင် ထူးခြားလွန်းလှ၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now