895 - 896

108 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book ( 67 )

Chapter-3

(နာမည်စာရင်း)

"ဓား၏လူသတ်တေးသံ….."

ကျင့်ကြံခြင်းအခန်းအတွင်း၌ သတ်ဖြတ်ခြင်းချီဓာတ်များ ပေါများလျှံထွက်နေခဲ့၏။

အလွန်များပြားသော
အနက်ရောင်ဓားချီများက ကျင့်ကြံခြင်းအခန်းအတွင်း၌ ပြည့်နှက်နေခဲ့သည်။ အနက်ရောင်ဓားချီ ဖြတ်သန်းသွားသော နေရာတိုင်းတွင် သေးငယ်သော စွမ်းအင်အတက်အကျများ ဖြစ်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ နံရံတိုင်းတွင် ပြင်းထန်သော စွမ်းအင်အတက်အကျ အသံများ ထွက်ပေါ်လာခဲ့ပေ၏။

"ဒီသတ်ဖြတ်ခြင်းဓားသိုင်းက သူ့ရဲ့ နာမည်နဲ့ ကောင်းကောင်းထိုက်တန်တာပဲ… အခုလိုနည်းလမ်းမျိုးနဲ့ သတ်ဖြတ်ခြင်းအသိကို ထုတ်ဖော်နိုင်တယ်… တစ်လကုန်သွားခဲ့တာတောင် ငါက ပထမအဆင့်ရဲ့ အပေါ်ယံ အသေးအဖွဲလောက်ပဲ နားလည်သဘောပေါက်ခဲ့တယ်….."

၁၈ရက်က အလွန်တိုတောင်းလှသည်။ အချိန်ပြည့်သွားပြီးနောက် ယီယွမ်က နောက်ထပ်အချိန်၁၂ရက် ပိုယူခဲ့၏။ ထိုအချိန်မှသာ သူက ဓား၏လူသတ်တေးသံ ပညာရပ်၏ ပထမအဆင့်ကို အပေါ်ယံသာ နားလည်သဘောပေါက်သွားခဲ့သည်။

ယီယွမ်အတွက် သတ်ဖြတ်ခြင်း အန္တိမအစစ်အမှန်အသိကို နားလည်ထားခဲ့သော အခြေအနေအောက်တွင်  သိုင်းပညာရပ်တစ်ခုကို ကျင့်ကြံရာ၌ အချိန်တစ်လကုန်ဆုံးပြီးနောက်  အပေါ်ယံမျှသာ နားလည်ခဲ့ရခြင်းက အလွန်ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတစ်ခုသာဖြစ်ပေ၏။

ဤသတ်ဖြတ်ခြင်းဓားသိုင်းက အလွန်ခက်ခဲနက်နဲပေသည်။ နားလည်သဘောပေါက်ရန် ခက်ခဲမှုက ယန်ကိုးမျိုး ဝိညာဥ်ဘရစ်စတယ် ဒီဗိုင်းပညာရပ်၏ အရန်သိုင်းပညာရပ်များကို နားလည်သဘောပေါက်ရန်
ခက်ခဲမှုအဆင့်အောက်သို့ နိမ့်ကျခြင်းမရှိပေ။

စစ်ယင်းပြောသည်က မှားယွင်းခြင်းရှိပုံမရပေ။

အကယ်၍ ဤသိုင်းပညာရပ်ကိုသာ အဆုံးစွန်အထိ ကျင့်ကြံနိုင်ခဲ့မည်ဆိုလျှင် လူတစ်ယောက်က မဟာဒီဗိုင်းဘုရင် ဆယ်ယောက်နှင့် ယှဥ်ပြိုင်နိုင်သော ခွန်အားကို အမှန်တကယ် ပိုင်ဆိုင်နိုင်ပေ၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now