Ch 708

107 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(53)

Chapter-14

(ဒီလက်သီးချက်)

ဘုန်းးး…..

ဖုန်မှုန့်များနှင့် အမှိုက်များက  နေရာတိုင်းသို့ပျံ့နှံ့သွားခဲ့သည်။ ယီယွမ်ရှိနေသောနေရာတွင် ပြင်းထန်သောသဘာဝစွမ်းအင်ကြောင့် ကြီးမားသောချိုင့်ကြီးတစ်ခု ဖြစ်ပေါ်သွားစေခဲ့ပြီး ဖုန်လုံးကြီးများ ထောင်းထောင်းထသွားခဲ့၏။

ကြယ်တာရာချောက်နှင့် ကျန်လူများက ယီယွမ်၏ အသားပုံကြီးဖြစ်နေမှုကို မမြင်လိုဟန်ဖြင့် ခေါင်းများကို ဘေးသို့လှည့်ထားခဲ့ကြသည်။

ကျောက်ထျန်းရင်၏ ဤတိုက်ခိုက်မှုအောက်တွင် ယီယွမ်က အသက်ရှင်ရန် အခွင့်အရေး လုံးဝမရှိတော့ပေ။

ဤတိုက်ခိုက်မှု ဆင်းသက်လာပြီးနောက် ကမ္ဘာတစ်ခုလုံးက ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ လွင့်မျောနေသော ဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲများကသာ လေထဲ၌ရှိနေခဲ့ပေသည်။

သိုင်းပညာရှင်များစွာ၏ မျက်နှာများ၌ ထိုအရာကို မမြင်လိုဟန်များ ပေါ်ပေါက်နေခဲ့၏။

ယီယွမ်၏အပြုအမူများက လက်ရှိနေရာရှိ သိုင်းပညာရှင်တိုင်း၏ အနူးညံ့ဆုံး နှလုံးသားနေရာကို ထိတွေ့သွားခဲ့ပြီဖြစ်သည်။

သိုင်းပညာရှင်များ၏နှလုံးသားက မည်မျှအထိ မာကျောနေစေကာမှု သူတို့၏နှလုံးသားများက အသွေးအသားများနှင့် ဖွဲ့စည်းထားခြင်းဖြစ်၏။

"ဟားဟားဟား…. မိုက်လိုက်တဲ့ကောင်လေး… မင်းလို အားနည်းပြီး ဆုံးဖြတ်ချက်မပြတ်သားတဲ့ ကောင်လေးက ငါ့ကိုလာသတ်ရဲတယ်ပေါ့… အဆုံးစွန်အထိ မိုက်မဲခဲ့တာပဲ….." ကျောက်ထျန်းရင်က ကျယ်လောင်စွာရယ်မော၍ ပြောဆိုခဲ့ပေသည်။

လက်ရှိအချိန်၌ သူ့ကိုယ်သူ အားရကျေနပ်နေခဲ့၍ သိုင်းပညာရှင်အချို့က အထင်သေးသော မျက်လုံးများဖြင့် သူ့အားကြည့်နေခဲ့ကြသည်ကို သတိမပြုမိခဲ့ပေ။

"ဘယ်လောက်တောင် ရှက်စရာကောင်းလဲကွာ… ဒီလိုအစွမ်းထက်တဲ့ လူငယ်ဂျီးနီးယပ်တစ်ယောက်က ဒီလိုမျိုးအဖြစ်ဆိုးနဲ့ ကျဆုံးသွားခဲ့ရတယ်ပေါ့….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now