Ch 917 - 918

108 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 68

Chapter-11

(ဆက်ခံသူ)

ဘုန်းးး…..

တောင်များကိုလှုပ်ခါနိုင်ပြီး ပင်လယ်များကို ပြောင်းပြန်လှန်ပစ်နိုင်သည့် လက်ဝါးချက်က ပင်လယ်အတွင်းသို့ နစ်မြုပ်သွားခဲ့သည့် ရွှံ့စေးဖြင့်လုပ်ထားသော နွားရုပ်တစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့ပြီး နောက်ထပ်တစ်ကြိမ် ထပ်မံမြင်တွေ့နိုင်ခြင်း မရှိတော့ပေ။ ထိုအရာက အလင်းမျက်နှာပြင်ပေါ်တွင် မည်သည့်သက်ရောက်မှုကိုမှ မဖြစ်စေခဲ့ပေ။

"အရှင်ယီ… ဒါက….." အန်းရန်က တုံ့ဆိုင်းနေခဲ့သည်။

အရှင်ယီ၏ လက်ဝါးချက် အစွမ်းက သူ၏တိုက်ခိုက်မှုကဲ့သို့ အစွမ်းထက်ပုံပင် မပေါ်ခဲ့ပေ။ အလင်းမျက်နှာပြင်ကို ထိမိသွားခဲ့ချိန်တွင် မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။

အနည်းဆုံးအနေဖြင့် သူက လွင့်စင်သွားခဲ့သေး၏။

သို့သော် ယီယွမ်က အသာအယာ ပြုံးလိုက်သည်။ သူ၏ခြေကိုကြွ၍ အလင်းမျက်နှာပြင်ထံသို့ လျှောက်လှမ်းသွားခဲ့ပြီးနောက်  အလင်းမျက်နှာပြင်ကို အလွယ်တကူ ဖြတ်သန်းသွားခဲ့၏။

အန်းရန်က ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပြီး သူ၏မျက်နှာ၌ မယုံကြည်နိုင်ဟန်များ ပြည့်နှက်နေခဲ့သည်။

ဒါဆိုရင် အဲဒီအလင်းမျက်နှာပြင်ကို ဖြတ်သန်းသွားနိုင်ပြီလို့ ဆိုလိုနေတာမဟုတ်လား…..

"အထဲဝင်လာခဲ့ကြလေ… မင်းတို့က ဘာတွေ တွေဝေနေကြတာလဲ….."

ထိုအချိန်မှသာ အန်းရန်က ရုတ်တရက် သတိဝင်လာခဲ့ပြီး ဂုဏ်ယူစွာပင် ပြောဆိုလိုက်၏။ "အရှင်က အရှင်ပါပဲ… တကယ်ကို အစွမ်းထက်လွန်းပါတယ်….."

နဂါးလှိုင်းသံက နဂါးကလန်မှ သိုင်းပညာရပ်များ၏ အခြေခံအုတ်မြစ် ဖြစ်ပေသည်။ နဂါးဧကရာဇ်နယ်မြေအတွင်း၌ နဂါးလှိုင်းသံကို ပုံစံအမျိုးမျိုးနှင့် အသုံးပြုထားပေ၏။ ထို့ကြောင့် နဂါးလှိုင်းသံက အရာအားလုံးကို ပြုလုပ်သွားပေသည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now