Ch 731

97 9 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(55)

Chapter-9

(စွမ်းအင်ပိုးချည်မျှင် သွေးခုန်နှုန်းစမ်းသပ်ခြင်း)

"သတ်မယ်… နင်တို့အားလုံးက မိစ္ဆာတွေပဲ… ငါက နင်တို့ကို သတ်ပစ်မယ်….."

ကူချင်က လူများရောက်လာသည်ကို တွေ့လိုက်ရချိန်၌ ချက်ချင်းပင် အလွန်ခက်ထန်လာခဲ့ပြီး ချုပ်နှောင်ထားသော သတ္ထုကြိုးကြီးများမှ လွတ်မြောက်ရန်အတွက် သူမခန္ဓာကိုယ်ရှိ ခွန်အားအကုန်လုံးကို ထုတ်သုံးပြီး ရုန်းကန်ကြိုးစားနေခဲ့သည်။

ဤအခြေအနေကိုမြင်သော် ယီယွမ်က အနည်းငယ် မျက်မှောင်ကုတ်သွားခဲ့၏။

"ကောင်လေး… ငါက မင်းအတွက် အိပ်မက်ဝိညာဥ်အမွှေးတိုင်ကို ပြင်ဆင်ပေးထားတယ်… မင်းကိုယ်တိုင် အဲဒါကို အသုံးပြုမှာလား….."

ထိုသို့ပြောရင်း ဟဲရှုမင်က ယီယွမ်ထံသို့ အမွှေးတိုင်တိုတစ်ချောင်း ပစ်ပေးလိုက်သည်။

သို့သော် ယီယွမ်က သူ၏လက်ကိုထုတ်၍ ဖမ်းယူခြင်းမလုပ်ခဲ့ရာ ထိုအမွှေးတိုင်တိုလေးက မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့ရ၏။

အိပ်မက်ဝိညာဥ်အမွှေးတိုင်က လူအများကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသော အမွှေးတိုင်တစ်မျိုးဖြစ်သည်။ ထိုအမွှေးတိုင်က စိတ်ဝိညာဥ်ကို ငြိမ်သက်စေနိုင်သော အစွမ်းရှိပေ၏။ ကူချင်၏ ဝေဒနာကြောင့် မှော်ဆေးပညာရှင်များက သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ရန် ခက်ခဲနေခဲ့သည်။ ပုံမှန်အားဖြင့်  ဤအိပ်မက်ဝိညာဥ်အမွှေးတိုင်ကို အသုံးပြုရန် လိုအပ်ပေ၏။

ယီယွမ်၏အပြုအမူကိုမြင်သော် ဟဲရှုမင်က ဒေါသထွက်သွားခဲ့သည်။ "လူရမ်းကားလေး… ဒါကဘာသဘောလဲ….."

ယီယွမ်က အေးအေးဆေးဆေး ပြောဆိုလိုက်၏။ "အခုအချိန်မှာ ကူမိန်းကလေးရဲ့ ဝေဒနာက ပေါ်လွင်နေတဲ့အနေအထားကို ရောက်နေပြီ… ဝေဒနာနဲ့ ဆက်စပ်နေတဲ့ အရာတွေအများကြီးကလည်း အခုအချိန်မှာ သိသာထင်ရှားနေခဲ့ပြီ… ခင်ဗျားက အိပ်မက်ဝိညာဥ်အမွှေးတိုင်ကို အသုံးပြုပြီးတော့ ကူမိန်းကလေးကို အိပ်မောကျသွားစေလိုက်မယ်ဆိုရင် တကယ်လို့ အဲဒီလိုကိစ္စကြောင့် မှားယွင်းကုသလိုက်မိမယ်ဆိုရင် ဘယ်လိုဆက်လုပ်မလဲ… အခြေခံ အသိပညာလေးတောင် မရှိဘဲနဲ့ ခင်ဗျားက မှော်ဆေးပညာရှင်သူတော်စင် အဆင့်ကို ဘယ်လိုရောက်လာတာလဲဆိုတာ ကျုပ်နားမလည်တော့ဘူး….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now