Ch 1023 - 1025

103 8 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 75

Chapter-10

(အင်ပါယာချီ)

"ခေါင်းဆောင်ကြီး… ကျိချင်ယန်က မောက်မာပြီး အရိုအသေမဲ့ပါတယ်… အထွတ်အမြတ် နဂါးတံဆိပ်ကို သူပိုင်ဆိုင်တဲ့အရာတစ်ခုလို သတ်မှတ်နေတယ်… အထွတ်အမြတ် နဂါးတံဆိပ်က လူသားတစ်ယောက်ကို ဘာလို့ရွေးချယ်ထားတာလဲဆိုတာ ကျွန်တော်သိချင်မိပါတယ်….."

လုံကျိုက်ထျန်းက ကလန်သို့ပြန်ရောက်လာပြီးနောက် မိုးပြာရောင်နဂါးကလန်၏ ခေါင်းဆောင်ကြီး အောင်းသော်ကို တွေ့ဆုံရချိန်တွင် ဤအချိန်အတွင်း သူခံစားခဲ့ရသော မကျေနပ်ချက်များကို ဖွင့်ထုတ်ပြောဆိုနေခဲ့သည်။

ယီယွမ်က အထွတ်အမြတ် နဂါးတံဆိပ်ကို လက်ထဲ၌ ကိုင်ဆောင်ထားသည့်အတွက်  ဖြူကောင်တစ်ကောင်နှင့် တူညီနေခဲ့ပြီး အလွယ်တကူ ကိုင်တွယ်၍ မရနိုင်ပေ။

သို့ရာတွင် အောင်းသော်က လုံကျိုက်ထျန်းကဲ့သို့ ဒေါသထွက်ခြင်း မရှိခဲ့ပေ။ သူက အေးအေးဆေးဆေးပင် ပြောဆိုလိုက်သည်။ "နတ်ဘုရားရတနာတစ်ခုက စိတ်ဝိညာဥ်ရှိနေတဲ့ အရာတစ်ခုပဲ… ပြီးတော့ အထွတ်အမြတ် နဂါးတံဆိပ်က အဆင့်မြင့်လွန်းတဲ့ နတ်ဘုရားရတနာပဲ… အထွတ်အမြတ် နဂါးတံဆိပ်က ကျိချင်ယန်ကို ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းရှိမှာပေါ့… ငါ့စိတ်ထဲမှာ သိချင်နေတဲ့အရာက ကျိချင်ယန် ပြန်လည်ရှင်သန်လာခဲ့တာ နှစ်၂၀ပဲ ရှိနေသေးတာကို သူ့ရဲ့သွေးမျိုးဆက်အစွမ်းက ဘာကြောင့် အဲဒီလောက်အထိ အစွမ်းထက်နေရတာလဲ… ကျန့်ပေါ်ပြောခဲ့တာကတော့ သူ့ရဲ့သွေးမျိုးဆက်စွမ်းအင်က သွေးဝိညာဥ်ကျောက်တုံးရဲ့ အကန့်အသတ်ထက်ကို ကျော်လွန်နေပြီတဲ့… ဒါက မယုံကြည်နိုင်စရာကောင်းတဲ့ အရာတစ်ခုပဲ….."

ထိုနေ့တွင် အောင်းကျန့်ပေါ်က ဟင်းလင်းပြင်အားလုံး ဖျက်ဆီးခြင်း နတ်ဘုရားသုတ်သင်ဝင်္ကပါကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့ပြီး ယီယွမ်က ကောင်းကင်ဘုံချုပ်နှောင်ခြင်း ဝိညာဥ်ပိတ်လှောင်ပုလင်း၏ ချုပ်နှောင်မှုကို ဖျက်ဆီးလိုက်သည့်အတွက် သူက အသက်ချမ်းသာရာရခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် သူက ကလန်၌ အနားယူ၍ သူ၏ဒဏ်ရာများကို
ပြန်လည်ကုသနေခဲ့သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now