Chapter 192

791 62 0
                                    

Chapter 192 : ရန်စခြင်း

ချင်ဇစ်ရွှယ်သည် ဘာကောင်းကျိုးမှ မပေးခဲ့သလို ဤဒါရိုက်တာလျို့သည်လည်း ဒီပုတ်ထဲက ဒီပဲဖြစ်သည်။

"ဒါရိုက်တာလျို့၊ ရှင် ပြောသလိုဆိုရင် အရာအားလုံးက နေရာကျပြီး ပြီးစီးသွားပြီလို့ ရှင်က ထင်နေတာလား"

ကျင်းယွင်ကျောင်း၏ အေးစက်၍ မာကျောနေသောအသံက နားထောင်နေသူများအား ကြက်သီးမွေးညှင်းများ ထစေ၏။

ဒါရိုက်တာလျို့သည်လည်း ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် တကယ်တမ်း သူသည် သမားတော်ကန်ကို ကာကွယ်ခဲ့သင့်သော်လည်း အကြောင်းတစ်ခုမှာ သူက ဤအဖိုးကြီး ကန်စုန့်ပိုင်ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပေ။ အကြောင်းမှာ သူ အိမ်ပြန်သည့်အခါတိုင်း သူ့ အဖိုးဖြစ်သူက သူ့အား နားပူနားဆာလုပ်လေ့ရှိ၏။ သူက 'မင်းရဲ့ဆေးပညာစွမ်းရည်က မကောင်းသေးဘူး' ၊ 'မင်းကိုယ်မင်း တိုးတက်အောင် လုံ့လဝီရိယနဲ့ စည်းကမ်းရှိရှိ ကြိုးစားဖို့လိုတယ်' ၊ 'သမားတော်ကန် ဆီကနေ ပိုပြီး သင်ယူ' အစရှိသကဲ့သို့သော ကိစ္စများကို ပြောလေ့ရှိသည်။

သူ ပြောသည့် သမားတော်ကန်ဆိုသည်မှာ ထုံးစံအတိုင်း ဤအဖိုးကြီးပင်ဖြစ်၏။ သူသည် ရုပ်လည်းဆိုး ခေါင်းလည်းမာပြီး သူတွေးနေသမျှ အားလုံးမှာ သူ့ စီနီယာကျမှုအပေါ် မှီခိုနေကာ တစ်နေ့လုံး သိမ်မွေ့၍ နားလည်ရခက်ဟန် ပြုမူရန်သာအတွက် ဖြစ်သည်။ သူက ဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေသနည်း။

ထို့ကြောင့် သူက ဤအခွင့်အရေးကို အသုံးချပြီး ကန်စုန့်ပိုင်ကို သင်ခန်းစာပေးရန် ကြိုးစားခဲ့သည်။ သူသာ ကန်စုန့်ပိုင်ကို အမှန်တကယ် နှင်ထုတ်လိုက်နိုင်ပါက သေချာပေါက် အကောင်းဆုံးပင်။

"မင်းက တခြားဘာကို လိုချင်နေသေးတာ ဖြစ်နိုင်မလဲ။ အထင်လွဲတဲ့ကိစ္စက ဖြေရှင်းပြီးပြီ မဟုတ်လား"

ဒါရိုက်တာလျို့က သူ့ကိုယ်သူ ခက်ခက်ထန်ထန်ဖြစ်အောင် ကြိုးစားလိုက်သည်။

ဒါရိုက်တာလျို့သည် အသက်သုံးဆယ်ပင် မပြည့်သေးဘဲ မျက်မှန်တစ်လက်ကို ဝတ်ဆင်ထား၏။ သို့သော် သူက အပြောင်းအလဲမြန်ပုံပေါ်သည်။ သူ့ အကြည့်များက ဂနာမငြိမ်ဘဲ သူ့ စကားများကလည်း ခပ်ပေါ့ပေါ့ပင်ဖြစ်ကာ သူ့ကိုယ်ပေါ်ရှိ အဖြူရောင်ဂျူတီကုတ်မှာလည်း ပုံပန်းမကျဖြစ်နေသဖြင့် သူသည် ယုံကြည်၍မရသောလူပုံစံမျိုး ဖြစ်နေ၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Dove le storie prendono vita. Scoprilo ora