Chapter 210

592 66 0
                                    

Chpater 210 : ခြိမ်းခြောက်မှုများ

အဖွားအိုနှင့် ကျင်းထျယ်ကျွင်းတို့ နှစ်ဦးစလုံး ကြောင်အသွားကြပြီး ပတ်ဝန်းကျင်ရှိလူနာများသည်လည်း ခြေလှမ်းများ ရပ်တန့်သွားကြသည်။

ဤအမျိုးသမီးကြီးသည် အသက်အရွယ်ကြီး၍ ထိခိုက်လွယ်သော ခန္ဓာကိုယ်ရှိ၏။ တစ်ချက်ကြည့်ရုံနှင့်ပင် အားနည်းချိနဲ့သူဖြစ်ကြောင်း အသိအသာပင်။ အားနည်းသူများက လူများ၏ သနားကရုဏာကို ပို၍ အလွယ်တကူ လှုံ့ဆော်နိုင်သည်မှာ ကျင်းထျယ်ကျွင်းအတွက် ကံဆိုးသော အချက်ပင်။

"ကလေးမ၊ မင်းက လူကြီးသူမတွေကို အနိုင်ကျင့်ရတာကို သဘောကျတာလား။ မင်း ကျောင်းရော နေလား။ ကြီးတဲ့သူကို ရိုသေပြီး ငယ်တဲ့သူကို သနားညှာတာဖို့ မင်းရဲ့ဆရာက မင်းကို သင်မပေးထားဘူးလား"

အဖွားအိုက စတင်အော်ဟစ်လိုက်၏။

ထိုအခါ နိုင့်ထက်စီးနင်းအရိပ်အယောင်တစ်ခုက ကျင်းယွင်ကျောင်း၏ မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။

"အဖွား၊ ဒီဆေးရုံမှာ ရှင်တစ်ယောက်တည်း ရှိတာ မဟုတ်ဘူး။ ဒီမှာ အဖြစ်အပျက်ကို အမှန်အတိုင်း မြင်လိုက်တဲ့သူတွေလည်း ရှိမယ်လို့ ကျွန်မ ယုံကြည်တယ်။ တကယ်လို့ လူတိုင်းက ကျွန်မ ရှင့်ကို တကယ် ဝင်တိုက်မိခဲ့တယ်လို့ တွေးနေတယ်ဆိုရင်တောင်မှ အဆင်ပြေပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးမှု လုပ်လိုက်ရုံပဲပေါ့။ အဲဒါက နည်းနည်းတော့ ဒုက္ခများပေမယ့် ရှင့်ကို ယွမ်ရာဂဏန်းပေးလိုက်တာထက်တော့ သေချာပေါက် ပိုပြီးတာဝန်ယူတာဝန်ခံမှု ရှိတယ်လို့ ကျွန်မထင်တယ်။ ရှင်ရောဘယ်လိုထင်လဲ"

"အဖွား၊ ရှင့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို စစ်ဆေးမှုလုပ်ဖို့ ကျွန်မ ကူညီနိုင်ပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့၊ ရှင် ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုဘူး။ သွေးနည်းနည်းထုတ်ရုံပဲမို့လို့ နည်းနည်းပဲ နာမှာရယ်။ တကယ်လို့ ကျွန်မတို့ စစ်ဆေးမှုလုပ်တာက ဒီနေ့မပြီးရင်လည်း မနက်ဖြန်ထိ ဆက်လို့ရတာပဲ။ ကျွန်မ အဆုံးထိ တာဝန်အပြည့်အဝ ယူနိုင်ပါတယ်။ ဒါက အဖြေကောင်းလို့ ရှင်မထင်ဘူးလား"

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now