Chapter 223

454 54 0
                                    

Chapter 223 : တာဝန်ယူတာဝန်ခံခြင်း

ဆရာကျီ၏အမြင်တွင် ယနေ့သည် သူ ကျင်းယွင်ကျောင်းအား အမှန်တကယ် သိလိုက်ရသည့် ပထမဆုံးနေ့ဖြစ်သည်။

သူ၏ အတန်းကိုယ်စားပြုအနေနှင့် ဆရာကျီသည် ဤမိဘမဲ့ ကလေးမလေးအား မကြာခဏ အာရုံစိုက်မိသော်လည်း သူ အာရုံစိုက်မိသည့်အချိန်တိုင်း အလွန်ကျေနပ်အားရမှုကို အမြဲတမ်း ခံစားရစမြဲဖြစ်၏။ ကျင်းယွင်ကျောင်းသည် အလွန်သိတတ်ပြီး ကျောင်းတွင်လည်း အမြဲနာခံမှုရှိသည်။ သူမသည် အခြားကျောင်းသားများနှင့် ခပ်ခွာခွာနေသော်လည်း သူမတွင် ကိုယ်ပိုင်သူငယ်ချင်း အသိုက်အမြုံလေးရှိ၏။ ထို့အပြင် သူမသည် ဘယ်သောအခါမှ ပြဿနာရှာလေ့မရှိဘဲ အဆင့်များကလည်း ကောင်း၏။

သို့သော် ယနေ့ ရုတ်ရုတ်သဲသဲဖြစ်ရပ်တွင် ကျင်းယွင်ကျောင်း၏ အတွင်းစိတ် အကျင့်စရိုက်အစစ်အမှန်သည် သူမ အပြင်ပန်း၌ ပြသထားသည်နှင့် လုံးဝကွာခြားလှပေသည်။

သူမ၏ ပုံစံသည် ပိန်ပါး၍ အားနည်းပြီး လေတိုက်လျှင်တောင် ခံနိုင်မည့်ပုံမပေါ်ပေ။ အကယ်၍ သူ၏ မျက်လုံးများနှင့်သာ ထိုမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မမြင်လိုက်ရပါက ကျင်းယွင်ကျောင်းက စတင်တိုက်ခိုက်သည်ဟုဆိုလျှင် သူယုံနိုင်မည် မဟုတ်ပေ။

"ကျင်းယွင်ကျောင်း၊ မင်း ဒီနေရာမှာ ဘာတွေလုပ်နေတာလဲ"

ဆရာကျီက ဒေါသထွက်နေသည်။

ဘာကို ပူးပေါင်းမှာလဲ။ ကိစ္စတွေက ဒီအဆင့်ထိရောက်နေမှတော့ ပူးပေါင်းဆောင်ရွက်ရုံနဲ့တင် ပြဿနာကို ဖြေရှင်းနိုင်မှာလား။

ဒီကျန်ရှက ဝက်ခေါင်းလို ဖူးယောင်နေအောင် အရိုက်ခံထားရတော့ ကျန်မိသားစုက သေချာပေါက် လာရှာမှာပဲ။ အဲဒီအချိန်ကျရင် သူ့ရဲ့မိဘတွေက သူမနဲ့ ပြေပြေလည်လည် ဖြေရှင်းပြီး လက်ခံပေးဖို့ ဆန္ဒရှိပါ့မလား။

"ဆရာကျီ၊ ကျွန်မက လူတွေကို အကြောင်းရင်းမရှိဘဲ မရိုက်ပါဘူး။ အရင်က လမ်းသရဲတွေအများကြီးက ကျွန်မကို လာရှာပြီး ကောလဟာလတွေ ဖြန့်တော့လည်း ကျွန်မ ဒါကို သည်းခံနိုင်ခဲ့ပါတယ်။ အခု ကျန်ရှကို ဒီလို ကြမ်းကြမ်းတမ်းတမ်း လုပ်မိတာ သူက ကျွန်မကို စိတ်လွတ်သွားအောင် လုပ်လို့ဆိုတဲ့ သက်သေပါပဲ။ ဒါ့အပြင် သူက ဒီလိုပုံစံမျိုးဖြစ်သွားပြီဆိုတော့ သူ့မိသားစုကို ဆက်သွယ်ဖို့အတွက် ကျွန်မ ဆရာကျီကိုပဲ ဒုက္ခပေးရတော့မယ်။ ဖြစ်လာသမျှ အားလုံးကို ကျွန်မ တာဝန်ယူပါတယ်"

ကျင်းယွင်ကျောင်းက ခါးမတ်မတ်ရပ်နေပြီး သူမ၏ အသံကလည်း ကြည်လင်နေကာ စိတ်ထားကလည်း ပြတ်သားလှသည်။

ဆရာကျီက သူမ၏ စကားကို ကြားသောအခါ မုတ်ဆိတ်မွေးများပင် တလှုပ်လှုပ်ဖြစ်သွားသည်အထိ ဒေါသထွက်သွားပြီး သက်ပြင်းချလိုက်၏။

"မင်း ... ငါ့ကို ဘယ်လိုများပြောစေချင်နေတာလဲ။ ကျန်ရှကို အရင်ဆုံး ကျောင်းဆေးခန်းကို ပို့လိုက်။ ကျင်းယွင်ကျောင်း၊ မင်းက ငါနဲ့လိုက်ခဲ့"

တာဝန်ယူမယ်တဲ့လား။ ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ နစ်နာကြေးကတော့ သေချာပေါက် ပေးရမှာပဲ။ ဒါ့အပြင်လည်း ကျန်မိသားစုက ကျင်းယွင်ကျောင်းကို သေချာပေါက် ကျောင်းထုတ်စေချင်မှာ။ ဒါမှမဟုတ်ရင် သူတို့ရဲ့ ဒေါသကို ဘယ်လိုများ ချွေးသိပ်ရမလဲ။

ဆရာကျီသည် ဒေါသထွက်နေပြီး သူ၏စိတ်ထဲတွင် ကျန်မိသားစုကို မည်သို့ပြောရမည်ဆိုသည်အား သေသေချာချာ စဥ်းစားနေသည်။

အကယ်၍ ကျင်းယွင်ကျောင်းသာ ကျောင်းထုတ်ခံရပါက နှမြောစရာ ကောင်းလွန်းလှ၏။

ထို့နောက် ကျင်းယွင်ကျောင်းသည် ဆရာကျီ၏နောက်သို့ လိုက်လာခဲ့ပြီး လူရှင်းသောနေရာသို့ ရောက်သောအခါ သူက ပြောလာ၏။

"ငါ့ကို သေသေချာချာ ရှင်းပြစမ်း။ မင်းက လူတွေကို စပြီးရိုက်နှက်ရလောက်အောင်အထိ ဘာတွေများဖြစ်ခဲ့တာလဲ"

"တကယ်တော့ ကိစ္စအကြီးကြီး မဟုတ်ပါဘူး။ ကျန်ရှက ကျွန်မကို အထင်သေးပြီး စော်ကားလို့"

ကျင်းယွင်ကျောင်းက တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။

"အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ ငါ အမှန်တရားကိုပဲ ကြားချင်တယ်။ ကျန်ရှက မင်းရဲ့ထိုင်ခုံဖော် မဟုတ်ဘူး။ ပြီးတော့ ငါ အရင်က မင်းတို့ အဆက်အဆံရှိတာကိုလည်း သိပ်မမြင်ဖူးဘူး။ သူက မင်းကို ဘယ်လို အထင်သေးစော်ကားမှာလဲ။ မင်းမှာ သက်သေရှိလို့လား"

ဆရာကျီက ခေါင်းမာမာဖြင့် မေးလိုက်သည်။

"ဆရာကျီ၊ ကျွန်မဆီမှာ ကျွန်မကိုယ်ကျွန်မ ကယ်ဖို့အတွက် သက်သေရှိပါတယ်"

ထို့နောက် ကျင်းယွင်ကျောင်းက ရည်းစားစာတစ်စောင်ကို ထုတ်ပြလိုက်၏။ ဤစာထဲ၌ ပါသော အကြောင်းအရာများမှာ အခြားစာများနှင့်ယှဥ်လျှင် ညစ်ညမ်းမှု အနည်းဆုံးဖြစ်သော်လည်း ဆရာကျီသည် ဤစာကို စဖတ်လိုက်သည့်အချိန်မှာပင် သူ၏ အသားအရေက နီမြန်းလာသည်။

ဆရာကျီသည် အတော်လေး အသက်ကြီးပြီဖြစ်၍ သူ၏ အကျင့်စရိုက်မှာ စည်းကမ်းတင်းကြပ်ပြီး အနည်းငယ် သမားရိုးကျဆန်၍ ရှေးရိုးစွဲသမားတစ်ယောက်ဟုပင် ဆိုနိုင်သည်။ များသောအားဖြင့် သူအမုန်းဆုံးကိစ္စမှာ ဆယ်ကျော်သက်များက အသက်ငယ်ငယ်နှင့် အချစ်အကြောင်း ပြောကြခြင်းကိုပင် ဖြစ်၏။ ကျောင်းပြင်ပ၌ ဆိုပါက သူ၏တုံ့ပြန်မှုမှာ မပြင်းထန်သော်လည်း ကျောင်းဝန်းအတွင်း၌မူ ဆရာကျီသည် ဤကိစ္စမျိုးကို ဘယ်တော့မှ သည်းမခံခဲ့ပေ။

ထို့ကြောင့် သူသည် ဤရည်းစားစာထဲရှိ အကြောင်းအရာများကို မြင်သောအခါ ဒေါသအိုးပေါက်ကွဲသွားပြီး အခြားသူများအား မျက်နှာမပြရဲလောက်သည်အထိပင် ရှက်ရွံ့မိသည်။

ထို့အပြင် ဤစာကို ရေးသူမှာ သူ၏ ကျောင်းသားဖြစ်သည်။ အသက်ငယ်ငယ်ရွယ်ရွယ်မှာပင် သင်းသည် ဤကဲ့သို့ ပွင့်လင်းမြင်သာသော ကိစ္စများကို ရေးရဲသေးသည်။

သူ ဆရာလုပ်နေသည့် သက်တမ်းတစ်လျှောက်တွင် မရေမတွက်နိုင်အောင်များသော ရည်းစားစာများကို သိမ်းခဲ့ဖူး၏။ သို့သော် ဤကဲ့သို့ ဆိုးဝါးသည့် ကိစ္စမျိုးမှာမူ ပထမဆုံးအကြိမ်ဖြစ်သည်။

သူ့ကို ရိုက်ပစ်၊ သူက ရိုက်တာနဲ့ပဲ တန်တယ်။

စာကို ကိုင်ထားသော ဆရာကျီ၏ လက်များက ဒေါသထွက်လွန်းသဖြင့် တုန်ယင်နေ၏။

"ဒါကို သေချာသိမ်းထား။ ကျန်ရှရဲ့မိဘတွေရောက်လာရင် ဒါကို ထုတ်ပြလိုက်။ ကျန်မိသားစုက သေချာပေါက် သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်မှာပဲ။ မင်းက ဒီရည်းစားစာကို ကိုင်ထားပြီး သူတို့နဲ့ ကောင်းကောင်းမွန်မွန် စကားပြောကြည့်ရမယ်"

ဆရာကျီအတွက် ထိုကိစ္စများကို ဟောင်ဖွာဟောင်ဖွာ ပြောရန်မှာ မသင့်တော်လှပေ။

အကယ်၍ ဆရာကျီသည် အစောပိုင်းက ကျန်ရှအား သနားကရုဏာသက်နေခဲ့သည်ဟု ဆိုနိုင်ပါက ယခုအချိန်တွင်မူ သူသည် ထိုအရှက်မရှိသော သတ္တဝါအား ကျောင်းမှ ထုတ်မပစ်နိုင်ခြင်းကို အားမလို အားမရနှင့် မုန်းတီးနေလေတော့ပေသတည်း။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now