Chapter 217

607 58 0
                                    

Chapter 217 : ရည်းစားစာ

ဝမ်းကွဲမောင်နှမနှစ်ယောက်က ကျင်းယွင်ကျောင်းအား အံ့သြစွာ ကြည့်နေစဥ်မှာပင် သူမက ထိုအမျိုးသမီးကြီးအား အဝတ်အစားများကို ပြန်ပေးလိုက်သည်။

"ကျွန်မ လက်ဆောင်ကို လက်မခံနိုင်ပါဘူး၊ ဆိုင်ကို ပြန်ယူသွားပြီး ငွေပြန်အမ်းခိုင်းလိုက်ပါ။"

သူမသည် ဝမ်ရှင်းဖန်းအား ယဥ်ကျေးမနေတော့ပေ။ ထို့အပြင် သူမသည် လူများထံမှ အခွင့်အရေးယူရသည်ကိုလည်း မနှစ်သက်ပေ။

အကယ်၍ သူတို့၏တော်စပ်မှုကိုသာ အတည်ပြုပြီးပါက ယဥ်ကျေးစွာ ဆက်ဆံလာသည်ကို ယဥ်ကျေးစွာ တုံ့ပြန်ပေးရမည်မှာ ပုံမှန်သာဖြစ်သည်။ ထိုသို့သာဆိုလျှင် သူမသည် ဝမ်ရှင်းဖန်း၏ ကောင်းမွန်သော ရည်ရွယ်ချက်က်ို ငြင်းပယ်လိမ့်မည် မဟုတ်ပေ၊ သို့သော် ယခု ပြဿနာမှာ စစ်ဆေးချက်ရလဒ် မထွက်လာသေးခြင်းပင်။

ထိုအချိန်၌ ဝမ်းရှင်းဖန်း၏မျက်နှာမှာ ဖြူဖျော့သွားပြီး ပြိုလဲကျသွားတော့မည့်အလားပင်။

"ရှောင်ယွင်၊ အမေ့မှာ တခြားရည်ရွယ်ချက် မရှိပါဘူးကွယ်၊ ငါက အမေတစ်ယောက်ရဲ့တာဝန်တွေကို ကျေချင်ရုံလေးတင်ပါ။ ငါ မင်းအတွက် ဒီလောက်နှစ်တွေအများကြီးကြာတဲ့အထိ အဝတ်အစားတစ်ထည်မှ မဝယ်ပေးဖူးဘူး၊ ပြီးတော့ မင်းက ဝတ်တတ်စားတတ်တဲ့ အရွယ်လေးလည်း ရောက်နေပြီလေ။ အမေက မင်းကို ပျော်သွားအောင် လုပ်ပေးချင်ရုံပါကွယ်။"

သူမသည် စကားဆုံးသောအခါ အိတ်ထဲမှ အဝတ်အစားများကို ထုတ်လိုက်ပြီး ဖြန့်ပြလိုက်ကာ ကျင်းယွင်ကျောင်းအား လက်ဟန်ခြေဟန်များဖြင့်ပါ ပြောလာ၏။

"ဒီစကတ်လေးကို ကြည့်ပါဦး၊ အရမ်းလှတယ်။ ရှောင်ယွင်၊ မင်းက အသား အရမ်းဖြူတော့ ဒါလေးက မင်းနဲ့ သေချာပေါက် လိုက်မှာပဲ။"

စကတ်သည် ပန်းရောင် ဇာသားဖြစ်၏။ ထိုချစ်စရာကောင်း၍ ဆွဲဆောင်မှုရှိသောပုံစံသည် ကျင်းယွင်ကျောင်းနှင့် လုံးဝမလိုက်ဖက်ပေ။

ကျင်းယွင်ကျောင်း၏ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်ကြောင့် မည်သည့်အဝတ်အစားပုံစံနှင့်မဆို လိုက်ဖက်သော်လည်း တစ်ခုည်းသော အဆင်မပြေသည့်အချက်မှာ သူမ၏ အေးစက်ပြီး အထက်စီးဆန်သော အရှိန်အဝါကြောင့် သူမသည် ဤစကတ်နှင့် ကြည့်ကောင်းသည်ဆိုလျှင်တောင်မှ ထူးဆန်းနေလိမ့်မည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now