Chapter 208

576 63 0
                                    

Chapter 208 : သည့်ထက် ပိုကောင်းတဲ့ လုပ်စရာ ဘာမှမရှိ

လူအများစုသည် စပ်စုလိုစိတ်ရှိကြ၍ သူတို့သည် ဝမ်ရှင်းဖန်း၏ စကားလုံးများကို ကြားသောအခါ လူအနည်းငယ်က သူတို့၏ ခေါင်းများကို ကျင်းယွင်ကျောင်းဆီသို့ လှည့်လိုက်ကြပြီး သူမအား ခဏမျှကြာအောင် စိုက်ကြည့်နေကြသည်။

"ရှင် သူ့ကို ဘယ်လိုများ ပျောက်ခဲ့တာလဲ။ ရှင့်ရဲ့ကလေးကို ရှင့်ဘေးမှာထားပြီး မြေတောင် မြှောက်မပေးနိုင်တာ တကယ် ဝမ်းနည်းစရာပဲနော်။ သူက အခု အတော်တောင် အရွယ်ရောက်နေပြီ"

စကားများသော မိန်းမကြီးတစ်ယောက် ထပ်ပြောလိုက်၏။

ဘတ်စ်ကားပေါ်မှ လူအများစုက သူမအား စိတ်ထဲမှကြိတ်၍ ထောက်ခံလိုက်ကြသည်။

သို့သော် သူတို့သည် တစ်ချိန်တည်းမှာပင် ကျင်းယွင်ကျောင်း၏ သဘောထားက အေးစက်စက်ဖြစ်နေရသည့် အကြောင်းအရင်းကိုလည်း နားလည်သွားကြ၏။

သူတို့သည် သူမ၏ အဝတ်အစားများက ကွက်တိကျ သပ်ရပ်နေသည်ကို မြင်ကြရ၍ ဝတ်စုံကလည်း အရည်အသွေးကောင်းဖြစ်ကြောင်း မြင်နေရသည်။ သူမသည် မိဘအရင်းများကို မတွေ့ခင်က ချမ်းသာသော ဘဝ၌ နေထိုင်ခဲ့ရခြင်းဖြစ်နိုင်၏။ ဤကဲ့သို့ ဆံပင်များပေါ်တွင် ဖုန်များတင်နေပြီး မျက်နှာများက ညစ်ပတ်နေသော မိဘမျိုးကို မြင်ရုံနှင့် သူတို့၏ မိသားစုအခြေအနေမှာ မကောင်းမှန်း သိသာသည်။ ဤမိန်းကလေးသည် စိတ်ထဲ၌ သူတို့အား အထင်သေးနေမည်မှာ သေချာ၏။

ဝမ်ရှင်းဖန်းက သက်ပြင်းချလိုက်သည်။

"အခုလို နှစ်တွေအများကြီးကြာပြီးမှ သူ့ကို ရှာနိုင်ခဲ့တဲ့အတွက်နဲ့တင် ကျွန်မကို အပြစ်တင်လို့ ရနေပါပြီ။ သူက ကျွန်မကို အပြစ်တင််တယ်ဆိုရင်တောင်မှ ကျွန်မ ဒါကို လက်ခံပါတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်ရင်းက မဆိုးဘူးလို့ ကျွန်မ ယုံကြည်တယ်။ အနာဂတ်မှာ ကိစ္စတွေက သေချာပေါက် ပိုကောင်းလာမှာပါ။ အခု ကျွန်မတို့ သူ့ကို ရှာတွေ့တာနဲ့တင်ကို ကျွန်မ ပျော်နေပါပြီ"

ဝမ်ရှင်းဖန်းက ခါးသီးသော မျက်နှာထားနှင့် ပြောလိုက်၏။

ကျင်းယွင်ကျောင်းက မျက်ခုံးတစ်ဖက်ပင့်လိုက်၍ သူမ၏ စိတ်ခံစားချက်က ပို၍ ရှုပ်ထွေးလာသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now