Chapter 271

400 41 0
                                    

Chapter 271 : အကျင့်စာရိတ္တပျက်ပြားခြင်း

ကျင်းယွင်ကျောင်း၏ အကြည့်များက အေးစက်လွန်းနေရာ လေထုက အေးခဲသွားပြီး အသက်ရှုရန်ပင် ခက်ခဲလာသည်။ သူမ၏ ငယ်ရွယ်နုနယ်သော မျက်နှာလေးကို ကြည့်ရင်း သတင်းထောက်များသည် ရုတ်တရက် စိတ်ထဲ၌ မလုံမလဲဖြင့် ဝန်လေးလာသကဲ့သို့ ခံစားလိုက်ရပြီး လူတိုင်း အနည်းငယ် ရှို့းတိုးရှန့်တန့် ဖြစ်လာကြ၏။

"ရှင်တို့အားလုံး တစ်ယောက်ချင်းစီမေးလို့ရတယ်၊ ကျွန်မ သိသမျှ ဘာကိုမှကွယ်ဝှက်မထားဘူးလို့ ကတိပေးတယ်။ ကျွန်မသိသမျှ အကြောင်းအရာအားလုံးကို မပြောရသေးဘဲ ကျွန်မရပ်မှာ မဟုတ်ပါဘူး"

လူအုပ်ကြီး၏ အကြည့်များအောက်တွင် ကျင်းယွင်ကျောင်းက စိတ်မပါ၊ လက်မပါဖြင့် ပြန်ဖြေလိုက်သည်။

သူမက သူမ၏ သဘောထားကို ကြေညာလိုက်သောအခါ သတင်းထောက်များအားလုံးက သြဘာပေးလိုက်၍ အချို့က တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြကာ မေးခွန်းမေးရန်အတွက် အပြိုင်အဆိုင် လက်ထောင်ပြလိုက်ကြ၏။

လက်ထောင်ပြမိတယ်တဲ့လား။ သတင်းထောက်များသည် သူတို့ အဘယ့်ကြောင့် ထိုလုပ်ရပ်အား မရည်ရွယ်ပါပဲ မသိစိတ်အလျောက် အလိုလိုလုပ်မိသွားသည်ကို နားမလည်နိုင်တော့သဖြင့် အံ့အားသင့်သွားကြသည်။

သဘောတရားအရပြောရရင် ဒီလိုလူမျိုးတွေနဲ့ ရင်ဆိုင််တဲ့နေရာမှာ ပြတ်သားတဲ့ မေးခွန်းနည်းနည်းမေးလိုက်ရုံနဲ့ လုံလောက်တယ်လေ။ ဘာလို့ ငါတို့က သူ့ဆီကနေ အရွေးခံရဖို့ လက်ထောင်ပြစရာ လိုမှာလဲ။ သူက ဂုဏ်သတင်းကြီး၊ အင်အားကြီးတဲ့ နာမည်ကျော်တစ်ယောက်မှ မဟုတ်တာ။

ဤကိစ္စသည် ကြောင်တောင်တောင် နိုင်လှ၏။

"ရှင် မေးပါ"

ကျင်းယွင်ကျောင်းက လူတစ်ယောက်အား လက်ညှိုးထိုးပြ၍ မေးခွင့်ပြုလိုက်၏။

ထိုအခါ ထိုသတင်းထောက်သည် နှလုံးခုန်မြန်သွားပြီး မေးလာသည်။

"ကျင်းယွင်ကျောင်း၊ ပြောကြတာကတော့ မင်းက မိဘမဲ့တစ်ယောက်ဆို။ မင်းက အရွယ်ရောက်လာပြီးတဲ့နောက်မှာမှ မင်းရဲ့မွေးစားမိဘတွေနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ခဲ့တာလား"

"အမှန်ပါပဲ"

ကျင်းယွင်ကျောင်းက တဲ့တိုးပင် ဖြေလိုက်၏။

သူမ၏ စကားလုံးများက ရိုးရှင်းသော်လည်း ထိုလူစုအား ပို၍စိတ်အားထက်သန်လာစေပြီး သူတို့သည် ကျင်းယွင်ကျောင်း၏ ပူးပေါင်းဆောင်ရွက်မှုအား အလွန်ကျေနပ်နေကြသည်မှာ အသိအသာပင်။ သို့ရာတွင် သူတို့က ဤကိစ္စသည် အနည်းငယ် နှမြောစရာကောင်းသည်ဟုလည်း တွေးနေကြသေးသည်။

တကယ်ပဲ ဒီလိုမျိုး ထက်ထက်မြက်မြက်မိန်းကလေးတစ်ယောက်က အကျင့်စာရိတ္တပျက်ပြားတဲ့ကိစ္စတစ်ခုကို လုပ်ခဲ့တယ်တဲ့လား။

"ပြီးတော့ ကျုပ် ထပ်မေးချင်သေးတယ်၊ မင်း သူတို့နဲ့ အဆက်အသွယ်ဖြတ်တဲ့အချိန်တုန်းက ဘာတွေများတွေးနေခဲ့တာလဲ။ သူတို့က မင်းကို ဆယ်နှစ်ကျော်ကြာအောင် ကျွေးမွေးစောင့်ရှောက်ပေးခဲ့တာ၊ မင်း သူတို့ကို ကျေးဇူးတင်တယ်လို့ လုံးဝမခံစားရဘူးလား"

သတင်းထောက်က ဆက်လက်၍ စကားဖြင့် တိုက်ခိုက်လာ၏။

ထိုမေးခွန်းကို ကြားသောအခါ ကျင်းယွင်ကျောင်းသည် ဝါးလုံးကွဲရယ်မောလိုက်သော်လည်း သူမ၏ အပြုံးက ကံကြမ္မာအပြောင်းအလဲများနှင့် တစ်ကိုယ်တည်း အထီးကျန်ခြင်းကို ဖော်ပြနေသလို တစ်ချိန်တည်းမှာပင် မထီမဲ့မြင် လှောင်ပြောင်ခြင်းများကိုလည်း ထုတ်ဖော်ပြသနေသည်။ ထို့နောက် သူမက သတင်းထောက်၏ မျက်နှာအား အကဲခတ်သလိုကြည့်လိုက်ရာ ထိုသတင်းထောက်၏ ရင်ထဲ၌ တုန်လှုပ်၍ ယောက်ယက်ခတ်သွား၏။

ငါမေးတာ မှားလို့လား။

"ပုံမှန်ဆိုရင်တော့ ကျွန်မက ကျေးဇူးတင်တတ်ပါတယ်။ ယဲ့ချင်က ကျွန်မကို ကောက်ယူလာခဲ့ပြီးတော့ နှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ ဒီကျေးဇူးတရားတွေကို မျက်ကွယ်ပြုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ယဲ့ချင်က ယဲ့ချင်ပါပဲ၊ သူက ချောင်မိသားစု မဟုတ်ပါဘူး။ ချောင်ဝေ့မင်က ကျွန်မရဲ့မွေးစားအဖေဆိုတဲ့ သူရဲ့လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ကျွန်မကို ရိုက်နှက်ဆဲဆိုခဲ့တယ်။ အဲဒီအချိန်တုန်းက သူက ကျွန်မတို့ကျောင်းပေါက်ဝမှာ ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ခဲ့တာက လိမ်မရတဲ့အချက်ပါပဲ။ ကျွန်မတို့ရဲ့တော်စပ်မှုကို မြို့နယ်တာဝန်ရှိသူတွေက ဖြတ်တောက်ဖို့ ဆုံးဖြတ်ပေးခဲ့တာပါ။ ရှင်တို့ ကျွန်မကို သံသယရှိရင် မြို့ကလူတွေကို သွားမေးလို့ရပါတယ်၊ သူတို့ဝန်ခံတာကို ရှင်တို့မြင်ရပါလိမ့်မယ်"

ကျင်းယွင်ကျောင်းသည် ချောင်မိသားစု၏ ယုတ်မာမှုကို ချက်ချင်း ထုတ်ပြောရန် နှောင့်နှေးနေခြင်း မဟုတ်။ တကယ်တမ်း လူအချို့သည် ကိုယ့်ကိုထိမှသာ နာတတ်ကြ၏။ ဆယ်စုနှစ်တစ်ခုကျော်ကြာ ညှင်းပန်းနှိပ်စက်ခံရသော အတွေ့အကြုံမရှိဘဲနှင့် အချစ်မခံရသော မွေးစားသမီးတစ်ယောက် ယခုအချိန်ထိ ရှင်သန်နိုင်ရန် မည်မျှမှားယွင်းအစွပ်စွဲခံ၍ နေထိုင်ခဲ့ရကြောင်းကို သူတို့မသိနိုင်ပေ။ ယခု ထိုသူများအားလုံးကပင် သူမသည် မွေးစားခံခဲ့ရသောကြောင့် နာခံမှုမရှိခြင်းက မှားသည်ဟူ၍တွေးနေကြပြီး သူတို့က ပို၍ ကိုယ်ကျင့်တရားကောင်းမွန်မြင့်မြတ်သူများသဖွယ် ပြုမူနေကြသည်။

"ဒါဆိုရင် မင်းတို့ရဲ့တော်စပ်မှုတွေကို ဖြတ်တောက်တာက တခြားသူတွေက ဆုံးဖြတ်ပေးတာမို့လို့ မင်းနဲ့မဆိုင်ဘူးလို့ ဆိုလိုချင်တာလား။ ဒါပေမယ့် မင်းရဲ့ပထွေးလို့သိကြတဲ့ ချောင်ဝေ့မင်ကတော့ မင်းက သားသမီးဝတ္တရားမကျေဘူးလို့ စွပ်စွဲထားတယ်။ ပြီးတော့ မင်းရဲ့ညီမလေးကလည်း သူတို့တစ်မိသားစုလုံးက မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်လို့ ထုတ်ပြောလာတယ်၊ မင်းရဲ့မောင်ကလည်း မင်းက ခေါင်းမာပြီး တဇွတ်ထိုးလုပ်တတ်တယ်လို့ပြောတယ်။ အဲဒါနဲ့ပတ်သတ်ပြီး မင်း ဘာပြောချင်လဲ"

သတင်းထောက်များ၏ ပါးစပ်များသည် ကျည်ဆန်များ တရစပ်ထွက်နေသော စက်သေနတ်နှင့်တူ၍ အဆက်မပြတ် ပြောဆိုထိုးစစ်ဆင်လာသည်။

"ဒါဆို သူတို့ပြောတာတွေက အမှန်ပေါ့၊ ကျွန်မက မိဘမဲ့တစ်ယောက်မို့လို့ ကျွန်မရဲ့စကားတွေကတော့ အလိမ်အညာတွေပေါ့၊ အဲလိုလား"

ကျင်းယွင်ကျောင်းက ပြုံးရင်း သူတို့အား ပြန်၍ မေးခွန်းထုတ်လိုက်၏။

ထိုစကားသည် ငှက်ကလေးများ၏ တွတ်တီးတွတ်တာအသံကဲ့သို့ ချိုသာ၍တုန်ယင်နေသော်လည်း ထိုစကားကိုကြားလိုက်ရသောအခါ သူတို့၏ ရင်ထဲ၌ တုန်လှုပ်သွား၏။

"ကျင်းယွင်ကျောင်း၊ မင်းက ငါ့စကားတွေကို ကတ်တီးကတ်ဖဲ့ပြောဖို့ ကြိုးစားနေတာလား"

သတင်းထောက်က အလျှော့မပေးသကဲ့သို့ ကျင်းယွင်ကျောင်းသည်လည်း ပျော့ညံ့မနေပေ။

"ဟုတ်ပါပြီ၊ ကျွန်မက ကတ်တီးကတ်ဖဲ့ပြောနေတာပါ။ ဒါဆိုရင် ကျွန်မရဲ့ပထွေးနဲ့ ညီမကို ထွက်လာခိုင်းလိုက်လေ။ ကျွန်မ သူတို့နဲ့ ထိပ်တိုက်ရှင်းမယ်"

သူမသည် ထိုအကြောင်းကို ရိပ်မိနေသည်မှာ ကြာပြီဖြစ်၏။ ချောင်မိသားစုနှင့် ကျင်းမိသားစုမှလူများသည် စင်ပေါ်တက်၍ ရှေ့ထွက်ရမည့်အလှည့်ကိုစောင့်နေသော မင်းသားများနှင့်တူသည်၊ သူတို့အားလုံးသည် စင်ဘေး၌လည်းကောင်း စင်ထောင့်၌လည်းကောင်း မတ်တပ်ရပ်၍အဆင့်သင့်စောင့်ဆိုင်းနေတတ်ကြ၏။ အချိန်ကျလာသည်နှင့် သူတို့သည် ချက်ချင်းပင် လူတကာ၏ ရှေ့မှောက်သို့ထွက်လာပြီး လဲကျနေပြီးသားသူတစ်ယောက်ကို ရိုက်နှက်ကာ သူမအား ဝရမ်းပြေးတစ်ယောက်သဖွယ် မျှော်လင့်ချက်မရှိအောင်လုပ်မည်ဖြစ်သည်။

ကံဆိုးတာက ကျင်းယွင်ကျောင်းဆိုတဲ့သူက ဒီနေရာမှာ အကြွေးတွေအားလုံးကို ပြန်တောင်းဖို့ရှိနေတာပဲ။ နောက်ဆုံးမှာတော့ ဘယ်အချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ အချို့လူတွေက ဘယ်လောက်ပဲ ဆင်းရဲဒုက္ခရောက်နေပါစေ၊ လိုအပ်လာတဲ့အချိန်မှာတော့ သူတို့က လူယုတ်မာတွေဖြစ်နေတုန်းပဲဆိုတာကို ဒီနာလန်မထူနိုင်စရာရှုံးနိမ့်မှုကြီးက သူ့ကိုနားလည်သွားစေခဲ့တယ်။ သူတို့ရဲ့အငုံ့စိတ်တွေက ပိုပြီးတော့တောင် ဆိုးလာတယ်။ ဒီလိုဖြစ်နေမှတော့ သူတို့ကို ဘာကြောင့် ဆက်ပြီးခွင့်လွှတ်ပေးထားရမှာလဲ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now