Chapter 193

750 69 0
                                    

Chapter 193 : ယှဥ်ပြိုင်ခြင်း(၁)

ကျင်းယွင်ကျောင်း၏ ရန်စမှုသည် သူတို့ ဘေးရှိ လူအုပ်ကြီးအား မှင်သက်သွားစေ၍ သူမကဲ့သို့သော ကလေးငယ်တစ်ဦးက အမှန်တကယ်ပင် အလွန်ရိုင်းပြရဲသည်အား မယုံကြည်နိုင်ကြပေ။

ဒါရိုက်တာလျို့၏ အရည်အချင်းများသည် ကန်စုန့်ပိုင်နှင့် မယှဥ်နိုင်လျှင်တောင်မှ သူသည် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေဆဲပင်။

မျက်မှန်နောက်ရှိ သူငယ်အိမ်များက ကျုံ့သွားကြပြီး မခံမရပ်နိုင်နှင့် ခံပြင်းနေမှုက သူ့ မျက်နှာပေါ်တွင် ပေါ်လာသည်။ သူသည် ဤမိန်းကလေးက သူ့ကို ရည်ရွယ်ချက်ရှိရှိ ရန်စနေသည်အား သိသော်လည်း သူကသာ ဤကိစ္စကို သဘောမတူလိိုက်ပါက သူ့ ဂုဏ်သိက္ခာလည်း များစွာ ကျဆင်းသွားလိမ့်မည်။

သူက အံကြိတ်လိုက်ပြီး ပြန်လည် တိုက်စစ်ဆင်လိုက်၏။

"မင်းက ဘယ်လိုများ ပြိုင်ချင်နေတာလဲ။ ကလေး၊ ဒီမှာတော့ မင်းရဲ့ အစမ်းသပ်ခံဖြစ်လာပေးမယ့် လူနာတစ်ယောက်မှ မရှိဘူးနော်။ အဲဒီအကြောင်းကို စဥ်းတောင် မစဥ်းစားနဲ့"

"ပြိုင်ပွဲတစ်ပွဲမှာ ရောဂါတစ်ခုကို ကုသဖို့ လိုတယ်လို့ ဘယ်သူပြောလဲ။ ဒါရိုက်တာလျို့က ဒီဆေးရုံကို ဦးဆောင်ရမယ်လို့ ထင်ကြေးပေးခံနေရတဲ့ လူတစ်ယောက်ပဲ၊ ဒါဆိုရင် ကျွန်မတို့က ပိုရိုးရှင်းပြီး ပိုအလေ့အကျင့်ဖြစ်တာကို  ယှဥ်ပြိုင်ရမှာပေါ့။ ဥပမာ၊ ဆေးပင်တွေ၊ အရှေ့တိုင်းဆေးညွှန်းတွေ ဒါမှမဟုတ်ရင် သင်္ကေတတွေနဲ့ လက္ခဏာတွေဆိုရင်ရော။ ဒါတွေထဲက တစ်ခုခုဆိုရင်တော့ အဆင်ပြေသင့်ပါတယ်"

သူမက တိုက်ရိုက်ပင် အကြံပေးလိုက်သည်။

သူမသည် ဆေးပညာကို စတင်လေ့လာကတည်းက သူမ၏ ဆေးပညာစွမ်းရည်များကို အမြဲတမ်း သိုသိုဝှက်ဝှက်သာ နေခဲ့၏။ သူမသည် ဝိညာဥ်ကျောက်စိမ်းအပိုင်းအနည်းငယ်ကိုသာ စုပ်ယူပြီးစီးထားရာ သူမ၏ ခွန်အားမှာ မလုံလောက်သလို အမြဲ ခံစားခဲ့ရသည်။ ထို့ကြောင့် သူမသည် မည်သည့်အခြေအနေမျိုးကို ရင်ဆိုင်ရသည်ဖြစ်စေ ဂရုတစိုက်သာ လုပ်ခဲ့၏။ သို့ရာတွင် တကယ်တမ်း ဆေးပညာနယ်ပယ်နှင့် ပို၍ ထိတွေ့လာလေလေ၊ သူမနှင့်အခြားသူများကြားရှိ စွမ်းရည်ကွာခြားချက်ကို ပို၍ ရှင်းလင်းလာလေလေပင်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now