Chapter 198

695 70 0
                                    

Chapter 198 : ဖြစ်စဥ်

အပြင်ဘက်ရှိလူများသည်လည်း ဒါရိုက်တာလျို့၏ အရည်အချင်းကို မြင်နိုင်ကြသည်။

ကန်စုန့်ပိုင်က စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ ယနေ့ပြီးလျှင် ဒါရိုက်တာလျို့သည် ဤဆေးရုံ၌ နောက်ထပ် ခေါင်းမထောင်နိုင်တော့မည်မှန်း သူသိလိုက်၏။ ထို့အပြင် သူသည် အပြင်ဘက်ရှိလူများနှင့်လည်း ကိုင်တွယ်ဖြေရှင်းရန် လိုသေး၏။ အမှုဆောင်ဒါရိုက်တာ၏ မြေးဖြစ်နေလျှင်တောင်မှ ဒါရိုက်တာနေရာကို ခိုင်ခိုင်မြဲမြဲ ထိန်းမထားနိုင်သေးပေ။

"ကလေးမလေး၊ သွားစို့"

သမားတော်ကန်က ပြောလိုက်၏။

သူ ပြောပြီးသည်နှင့် ကျင်းယွင်ကျောင်းနှင့် ရှန်းကျင်တို့သည် သူ့အား ကူတွဲပေးရန် ချက်ချင်းပင် ရှေ့သို့ သွားလိုက်ကြ၍ သူတို့သည် ဆေးရုံမှ ထွက်သွားကြသည်။ ဒါရိုက်တာလျို့က သူအလွန်မုန်းတီးသော အဖိုးအိုအား နောက်ဆုံး သူ၏ မြင်ကွင်းထဲမှ ထွက်သွားသည်အထိ ကြည့်နေသော်ခဲ့လည်း သူသည် ထိုအကြောင်းနှင့်ပတ်သတ်၍ မပျော်နိုင်ပေ။

ထိုလူ၏ အကြည့်များက စူးစူးရှရှ ထိုးဖောက်လွန်းသည်။

ဒါရိုက်တာလျို့သည် အမှန်တကယ်ပင် သူ၌ ကိုယ်ပိုင်အရည်အချင်း အချို့ရှိသည်ဟု ထင်သော်လည်း ၎င်းမှာ လွန်ခဲ့သော နှစ်အနည်းငယ်က ကိစ္စဖြစ်၏။ သို့ရာတွင် အချိန်အချို့ကုန်ဆုံးပြီးနောက်တွင် သူသည် သူသိထားသော အရာအများစုကို တော်တော်များများ မေ့လုနီးပါးဖြစ်သွားခဲ့သည်။ များသောအားဖြင့် သူ ထိတွေ့ဆက်ဆံရသော လူနာများမှာ အခြားသမားတော်များထံမှ သူတို့၏ ကိုယ်ပိုင်ဆေးညွှန်းများရှိပြီးသား ဖြစ်၍ သူလုပ်ပေးရန် လိုအပ်သမျှမှာ ၎င်းကို လက်မှတ်ထိုးပေးရန် သို့မဟုတ် ဒုတိယအကြိမ် ကြည့်ပေးရန်သာ ဖြစ်၏။ သူ့တွင် ဆေးပင်များနှင့် ထိတွေ့ရသည့် အခွင့်အရေး မည်သည့်အချိန်ကမျှ မရှိခဲ့ပေ။

ဒါရိုက်တာလျို့ မသိလိုက်သည်မှာ အငြင်းအခုံဖြစ်သည့် ဖြစ်စဥ်တစ်ခုလုံးနှင့် ပြိုင်ပွဲတစ်ခုလုံးအား လူတစ်ယောက်က တိတ်တဆိတ် မှတ်တမ်းတင်ထားသည် ဆိုသည်ကိုပင်။ ထို့နောက် အင်တာနက်ပေါ်သို့ တင်လိုက်ပြီး ဟွားနင်ခရိုင်ဖိုရမ်အတွင်းသို့ မျှဝေလိုက်ရာ နာရီအနည်းငယ်မျှ ကြာပြီးနောက်တွင် အိမ်တွင်းဇာတ်လမ်းတစ်ပုဒ် ဖြစ်လာတော့သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now