အမှာစာမဟုတ်သောအမှာစာသို့မဟုတ်ဝန်ခံချက်

28K 710 10
                                    

****ဖတ်ဖြစ်အောင်ဖတ်ပေးပါ****

Daffodilsကိုမရေးမိတွေးမိတာက ဆရာဝန်ဇာတ်လမ်းလေးရေးချင်တာပေါ့နော်...ဆရာဝန်ဇာတ်လမ်းရေးချင်ပေမဲ့ အစ်မက ဆေးပညာလောကအကြောင်းဘာမှမသိပါဘူး...နီးနီးစပ်စပ်လဲမရှိတော့ ဆေးလောကနောက်ခံဝတ္ထုတွေ ဆေးပညာစာအုပ်တွေ ဖတ်ပြီး ဇာတ်လမ်းအတွက်လိုအပ်တဲ့နေရာမှာထည့်သုံးထားပါတယ်။
အဲ့အတွက်လဲအကုန် ကြိုပြီးCreditပေးချင်ပါတယ်။

အဓိကကတော့ အရမ်းကြိုက်တဲ့ ဝတ္ထုဖြစ်တဲ့ [ဝင်းဝင်းလတ်ရဲ့"အချစ်ရဲ့နောက်ဆက်တွဲစာမျက်နှာ"] ရဲ့ဇာတ်လမ်းကျောရိုးကိုယူပြီးရေးထားတဲ့ Fiction ပါ။အရင်အမှာစာမှာလဲ အစ်မထည့်ပြောခဲ့ဖူးပါတယ်...ခုကပိုပြီးသေသေချာချာ ​ပြောချင်လို့ပါ။ဆေးရုံတစ်ခုရဲ့ သဘောသဘာဝ၊လုပ်ဖော်ကိုင်ဖက်အချင်းချင်း စကား​ပြောပုံတွေကို ဆရာမကြီးရဲ့ဝတ္ထုထဲက လေ့လာပြီး ခွဲစိတ်ခန်းဝင်တဲ့အချိန်အသုံးအနှုန်းလေးတွေယူထည့်ထားမိပါတယ်။အမှန်အတိုင်းဝန်ခံပါတယ်။

ဆရာမကြီးရဲ့ဇာတ်အိမ်ကိုပျက်စီးလိုစိတ်လုံးဝမရှိပါဘူးရှင်...ဆရာမကြီးရဲ့ပရိတ်သတ်ကိုလဲ စိတ်ပျက်စေမိရင် ကြိုတောင်းပန်ချင်ပါတယ်။ဆရာမကြီးရဲ့ စာအုပ်ကိုဖတ်ဖူးရင် သိမှာပါ။ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်လဲအရမ်းကြိုက်တဲ့ ဝတ္ထုမို့ပါ။

ကျန်တဲ့ ရောဂါတွေ ဥပမာ ရင်သားကင်ဆာ(ဒါကတော့ထွေထွေထူးထူးရှာစရာမလိုလိုက်ပါဘူး မေမေက Breast Cancerမို့ပါ)၊အစာအိမ်ကင်ဆာ၊PTSD၊Coma စတာတွေကို ကိုယ့်ဘာသာကိုယ်googleခေါက် တစ်ညလုံးတစ်နေ့လုံး ထိုင်ရှာထားတာတွေပါရှင်။

ဇာတ်အိမ်တည်ထားတဲ့ မဲဘာန်း မြို့က စိတ်ကူးထဲကမြို့သက်သက်ပါပဲ။အင်းလေး ဒေသိယစကားအချို့ ထည့်ထားပေမဲ့ အစ်မက ရှမ်းပြည်လဲတစ်ခါမှမရောက်ဖူးပါဘူးရှင်😂ဒါလဲ Fourth year တုန်းကစာအုပ်ကို မှီြငမ်းပြီး ထည့်လို့ရလောက်မဲ့စကားလေးတွေပဲထည့်သုံးဖြစ်ခဲ့တာပါ။

ဒီDoffidilsကိုဖတ်မဲ့သူတွေအနေနဲ့ အစ်မရေးတဲ့အကြောင်းအရာတွေကဖတ်ရှုသူတွေကို မှားယွင်းတဲ့ အသိပေးမိမယ်ဆိုရင်ကြိုတင်တောင်းပန်ပါတယ်ရှင်။တက်နိုင်သမျှတော့ ရှာဖွေဖတ်ရှုထားပါတယ်။အမှားပါခဲ့လျှင်လဲ ပြင်ဆင်နိုင်ဖို့ လာပြောစေချင်ပါတယ်ရှင့်။

?Daffodils[Complete]Where stories live. Discover now