🍁Daffodils အပိုင်း(၇)အသဲကွဲတယ်ဆိုတာ• • •

4.2K 436 6
                                    

🍁Daffodils:အပိုင်း(၇)အသဲကွဲတယ်ဆိုတာ...

မိုးပင်လယ် တစ်နေကုန်မနားရသေးပေမဲ့ ညရောက်တော့လဲ ပညာပေးအစီအစဥ်အတွက်လိုအပ်တာတွေထည့်နေရတယ်။ပညာပေးခရီးဆိုပေမယ့် ဆေးရုံဆေးခန်းဝေးကြတဲ့ဒေသတွေဖြစ်တာမို့ဆေးဝါးတွေလဲလှူကြဖို့လဲပါသေးတယ်။နားကျပ်၊သွေးပေါင်ချိန်စက်၊သွေးချို ဆီးချို စစ်ဖို့အတွက်ပါအကုန်ယူသွားရမယ်။အဝတ်အစားကတော့ပေါ့ပေါ့ပါးပါးနဲ့နွေးစေမယ့်အင်္ကျီ၂ထည်လောက်ဆိုရလောက်ပြီ။

သူဗီရိုထဲကအနွေးအင်္ကျီထုတ်လိုက်တော့ မှ နွေဦးရဲ့မာဖလာလေးပြန်မပေးရသေးတာကိုသတိရတယ်။ သေချာလျော်ဖွတ်မီးပူတိုက်ထားတဲ့ဖာဖလာလေးကိုမွှေးကြူလိုက်တော့ဆပ်ပြာနံ့လေးနဲ့အတူနွေဦးရဲ့အငွေ့အသက်လေး ရလိုက်သလိုမို့နှလုံးသားထဲနွေးထွေးသွားရတယ်။ မာဖလာကိုမွှေးကြူရင်းမှ ကိုကျော်ဇင်ထွဋ်ပြောတာကို သတိရသွားတယ်။

အဲ့နေ့က နွေဦး နဲ့ခေမီ ကော်ရစ်ဒါမှာ စကားများနေကြတာကို ကိုကျော်ဇင်ထွဋ်က အမှတ်မထင်ကြားသွားတယ်။
ကိုထွဋ်ကနားနေခန်းဝကနေခေါင်းကိုပြူကြည့်ကာ သူ့စားပွဲကိုပြန်လာပြီး...

"ငါထင်သားပဲ ခေမီနဲ့နွေဦးက တစ်ခုခုပါပဲဆိုတာ"

"ဘာလို့လဲဗျ"

"ကော်ရစ်ဒါမှာ စကားများနေကြတယ်...ကြည့်ရတာ မင့် နွေဦးက ခဲမှန်ဖူးတဲ့စာသူငယ်ထပ်မဖြစ်ချင်ဘူးထင်တယ်"

"စာသူငယ်!!???သူတို့ကတွဲဖူးတာလား"

"ဟုတ်မှာပေါ့..ငါလဲ ဖျတ်ခနဲပဲကြားလိုက်ရတာ..နွေဦးကတော့လုံးဝကိုကြောက်နေပုံပဲ"

ကိုထွဋ်စကားကြောင့် မိုးပင်လယ် မျက်လုံးထဲမှာတစ်ခါတစ်လေအသက်မဲ့နေတတ်တဲ့ နွေဦးရဲ့မျက်လုံးနဲ့မျက်နှာကိုမြင်ယောင်လာမိတယ်။

"ဟုတ်လား..."

မိုးပင်လယ်စကားထောက်ပေးတော့ ကိုကျော်ဇင်ထွဋ်က ခေါင်းညိတ်တယ်။

"ငါဒီတစ်ခါတော့ နွေဦးကိုသနားသလိုလိုဖြစ်သွားပြီ...ခေမီလဲ ဇနဲ့ပဲထင်တယ်ကွ...ငါထင်ပါတယ် ဒီလိုတောင်ပေါ်က ဆေးရုံကိုလာဖို့ဆိုတာ အသဲကွဲ နေတဲ့လူတွေပဲလာကြမှာ"

?Daffodils[Complete]Where stories live. Discover now