🍁Daffodils အပိုင်း(၄၀)နယ်ရုပ်လောက်တောင်သူကအဆင့်မရှိဘူး• • •

3.3K 277 10
                                    

"မင်းကတော့ ဟုတ်ပါ့မလားလို့ထင်လောက်ပေမယ့် ငါလဲ ငါ့အထောက်အထားနဲ့ငါရှိလို့ မင်းကိုပြောပြရဲတာ.."

အဒ်ဒမ်ကဆက်မပြောဘဲ လက်ထဲကဝိုင်ကို အကုန်မော့ချလိုက်ပြီး တံတွေးတစ်ချက်မြိုချတယ်။လက်ထဲမှာ ဖန်ခွက်ကို လှည့်ပတ်ဆော့နေရင်း သူကြုံတွေ့ခဲ့တာကိုလေသံအေးအေးနဲ့ စပြောတယ်။

"အန်တီနဲ့ မင်းနဲ့ ပြဿနာတက်နေတော့ ငါကထမင်းစားခန်းထဲကိုရောက်နေတာ...ငါဝင်လာတုန်းကဘယ်သူမှရှိမနေလို့ ငါဝင်လာတာလဲ ဘယ်သူမှမသိလိုက်ဘူး"

အဲ့ဒီနေ့ မိုးပင်လယ် ပြန်ရောက်နေတယ်ကြားလို့ သူ လာတွေ့ဖို့ဆိုပြီးထွက်လာခဲ့တယ်။သူ့အစ်ကိုနဲ့ သူနဲ့ကတစ်ဝမ်းကွဲတွေဆိုပေမယ့် တစ်မျိုးလုံးပေါင်းမှ ညီအစ်ကို နှစ်ယောက်ထဲရှိတာမို့ တစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်ကြတယ်။

သွားနေတဲ့လမ်းမှာပဲ သူ့ဘော်ဒါတွေရန်ဖြစ်လို့ သွားပြီးကူညီ ထုထောင်းပေးရင်း မိုးပင်လယ်ရဲ့အိမ်ကိုရောက်တော့ မိုးတောင်ချုပ်နေပြီ။သူ့ဆိုင်ကယ်ကလဲ ဆီပြတ်သွားတာမို့ လမ်းမှာရပ်ထားခဲ့ရတယ်။မချင်တဲ့ကောင်သာမသွားပစေတော့။Kawasakii  Ninja 650က စီးတဲ့လူလက်ချိုးရေလို့ရတာမိို့ မ'သွားလဲ သိပ်မကြာဘူး ပြန်ပေါ်လာမှာပဲ။အဲ့ကျမှ ယူသွားတဲ့လူကို ထုရိုက်ပြီး ပြန်မ' လာရုံပဲ။

သူ့အစ်ကိုအိမ်ကိုရောက်တော့ အံ့ြသအောင်လုပ်ချင်တာနဲ့  ခြံတံခါးကိုမဖွင့်ခိုင်းပဲ ကျော်တက်ပြီးအိမ်ထဲဝင်သွားလိုက်ပေမယ့် မိုးပင်လယ်ကိုလဲမတွေ့ သူ့အဒေါ်ကိုလဲမတွေ့ဘူး။သူဧည့်ခန်းကိုဖြတ်ပြီး ထမင်းစားခန်းထဲထိဝင်ချသွားလိုက်ကာ ရေခဲသေတ္တာကိုဖွင့်ပြီး စားချင်တာတွေရှာဖွေနေတုန်း ဧည့်ခန်းထဲကနေဆူဆူညံညံအသံတွေထွက်လာတယ်။

အဒ်ဒမ် ခြေသံကိုဖွဖွနင်းရင်း ထမင်းစားခန်း ရဲ့နံရံအကွယ်ကနေခိုးနားထောင်နေလိုက်တယ်။နံရံက မှန်တစ်ဝက် သစ်သားတစ်ဝက်နဲ့ အလှဆင်ထားတာဆိုတော့ သေသေချာချာကြီးကိုမြင်နေရတယ်။တစ်ခုခုဆို ဝင်ပြီးဆွဲတာတွေဘာတွေလုပ်ဖို့လေ။

ဒါပေမယ့် အဲ့ဒါက ဆင်ခြေသက်သက်ပါပဲ။တကယ်တော့ သိချင်တာသက်သက်ပဲ။မိုးပင်လယ်နဲ့ သူ့အန်တီက တစ်ခါမှ ဒီလို အ​ချေအတင်ဖြစ်ဖူးကြတာမဟုတ်ဘူး။ဒီလိုရာဇဝင်တွင်တဲ့ မြင်ကွင်းကို သူတစ်ယောက်ထဲကြည့်ရတာတောင် အားနာသလိုလိုကြီးရယ်...

?Daffodils[Complete]Where stories live. Discover now