🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဉီးကိုသဘောကျတယ်

1.6K 61 0
                                    

🍁Daffodils:အပိုင်း(၁၂)ကိုယ်နွေဉီးကိုသဘောကျတယ်

နွေဉီးအောက်ထပ်ကိုပြန်ဆင်းလာချိန်မှာခေမီတို့ကပြန်ဖို့နှုတ်တောင်ဆက်နေကြပြီ။ကြမ်းပြင်ကိုရောက်ဖို့လှေကား၂ထစ်လောက်ရောက်မှ မိုးပင်လယ်ကနွေဉီးကိုမြင်ပြီး ထိုင်နေရာကနေအပြေးအလွှားလာကူတွဲတယ်။ခေမီကတော့ နွေဉီးကိုယောက်ျားတန်မဲ့ နုရန်ကော ဆိုတဲ့အကြည့်နဲ့ကြည့်ပြီးမျက်စိလွှဲတယ်။

ခေမီ မနာလိုမရှုစိမ့်ဖြစ်နေတာကိုနွေဉီးမြင်တော့စိတ်ထဲမှာကြိတ်ပျော်မိတာအမှန်ပဲ။သူ့ Crushဟောင်းကိုလဲ မနာလိုဖြစ်ရတဲ့ခံစားချက်လေးကိုပေးသိချင်တယ်။ခေမီကသာမနာလိုဖြစ်နေတာ မိုးပင်လယ်ကတော့ 'နွေဉီးကိုတွဲရရေးသည်သာအဓိက' ဆိုသလိုမျိုးနဲ့လာတွဲနေတယ်။

နွေဉီး သူငယ်ချင်းအရင်းကြီးဖြစ်တာကတစ်ကြောင်းတစ်ဖက်သတ်ကြိုက်ခဲ့ဖူးတဲ့လူဖြစ်နေတာကတစ်ကြောင်းနဲ့ ခေမီ့ကိုစိတ်အနှောက်အယှက် မပေးချင်တော့တာကြောင့်ကူဖို့ကမ်းလာတဲ့မိုးပင်လယ်ရဲ့လက်ကိုနွေဉီး တွန်းလိုက်တယ်။

"ရတယ် ကိုယ့်ဟာကိုယ်ဆင်းလို့ရတယ်"

နွေဉီးပြောပြီးပြီးချင်းနောက်ထပ်လှေကားထစ်တစ်ခုကိုခြေဖနှောင့်နဲ့ဆင်းလိုက်ချိန်မှာတော့ ခြေချော်ပြီးဘေးတစ်စောင်းကြီးလဲကျတော့တယ်။နွေဉီးစိတ်ထဲမှာ "သွားပြီ" လို့တွေးမိတဲ့အချိန် သူ့ခါးကိုသန်မာတဲ့လက်တစ်ဖက်က ဝင်ထိန်းပေးထားတာမို့ ကြမ်းပြင်ပေါ်လဲကျမသွားပေမဲ့ မမျှော်လင့်ပါပဲ မိုးပင်လယ်ရဲ့ကျယ်ပြန့်တဲ့ရင်ခွင်ထဲကိုတော့အထိန်းအကွပ်မရှိကျဆင်းသွားရတော့တယ်။

နွေဉီးပျာပျာသလဲ ပြန်ရုန်းထဖို့ကြိုးစားပေမဲ့လဲ ခြေထောက်ကဟန်ချက်ပျက်သွားတာမို့ သူရုန်းလေလေ ပိုလုံးလားထွေးလားဖြစ်လေ ဖြစ်နေတော့တယ်။ဒါကြောင့်မို့ သူမတက်သာတော့ပဲစိတ်ကိုဒုံးဒုံးချပြီးမိုးပင်လယ်ကူညီတာကိုပဲ ငြိမ်နေလိုက်တော့တယ်။ငြိမ်မနေရင်လဲသူတို့နှစ်ယောက်ပုံကRomantic Comedyရုပ်ရှင် ပြကွက်လိုဖြစ်နေတော့မှာ။

မိုးပင်လယ်က သူခုံပေါ်ရောက်တဲ့အထိ ဂရုတစိုက်ပို့ပေးပြီး  ဧည့်သည်တွေကို ခြံဝထိလိုက်ပို့ပေးမယ်ဆိုပြီးထွက်သွားတယ်။နွေဉီး ခေါင်းကိုမြန်မြန်ညိတ်ပြလိုက်ကာဖုန်းကိုကောက်ကိုင်ပြီးစိတ်ဝင်စားချင်ယောင်ဆောင်နေလိုက်တယ်။အစကတော့ ခေမီမခံချိမခံသာဖြစ်အောင်လုပ်ချင်တာတစ်ခုပဲစိတ်ထဲရှိခဲ့ပေမယ့် ခုတော့ သူကဖန်စလေးစူးတာကို မပြီးနိုင်မစီးနိုင် နာကျင်နေတဲ့နုနုရွရွ ကောင်အနေနဲ့ကိုယ့်ကိုယ်ကိုခံစားနေရတယ်။

?Daffodils[Complete]Where stories live. Discover now