🍁Daffodils_Extra.3

3.5K 267 8
                                    

Married Life Story:အိမ်ကိုရောက်လာတဲ့ဧည့်သည်

ဒီနေ့က တင်းဂွေနေ့တော့ မဟုတ်ပေမယ့် နွေဦးဂျုတီOffတဲ့နေ့...အရင်တုန်းကတော့ဂျုတီOff Off မOff Off နေ့တစ်ပိုင်းလောက်တော့ ဆေးရုံကိုပြေးလိုက်ရမှ!ဒါပေမယ့် ခုနောက်ပိုင်းတော့ ကလေးတွေရဲ့စိမ်းကားတဲ့ဒဏ်တွေွမခံနိုင်တော့လို့ ဂျုတီOffရက်ဆို တစ်ရက်အပြည့်ယူလိုက်ပြီးအိမ်မှာနေလိုက်တာကများတယ်။

ဒီတစ်ခါရုံးသွားရတာကိုနာကျင်ရတာက မိုးပင်လယ်!နွေဦး ဂျုတီမရှိတဲ့ရက်တွေက သူ့ရဲ့မဖြစ်မနေရုံးတက်ရက်တွေဖြစ်နေလို့ ဆူအောင့်ပြီး ရုံးသွားတက်နေလေရဲ့...နွေဦးကတော့ စိတ်ထဲကနေပဲ ပြုံးနေလိုက်ပါတယ်...ဟဲဟဲ...

ခုဆို အမြွှာလေးတွေနဲ့ တောင် တော်တော်လေးရင်းနှီးပြီး ညာတာပါတေးလေးတွေလုပ်ခိုင်းလို့ရနေပြီ။သူတို့ရဲ့ နဂိုခေါင်းဆောင်ကြီးလောက်မဟုတ်တောင်မှပေါ့!ဆောရီးပါ ကိုမိုးပင်လယ်..ခင်ဗျားဆီက အာဏာကိုကျွန်တော် သိမ်းတော့မှာ...

အခုလဲအမြွှာလေးတွေအိပ်ယာနိုးတော့ သားအဖတွေအတူတူရေမိုးချိုးပြီး သနပ်ခါးလိမ်းဖို့သနပ်ခါးသွေးနေကြတာ။မေမေနဲ့ဦးမိုးနဲ့က ပြန်သွားပြီမို့ အိမ်အကူဒေါ်ကြီးနဲ့ ကလေးထိန်းကောင်မလေးရှိပေမယ့် အမြွှာလေးတွေအတွက် သူကိုယ်တိုင်သွေးရတာသဘောကျတယ်။ပြီးရင် သူက ကလေးလေးတွေကိုလိမ်းပေး ကလေးလေးတွေက သူ့ကိုလိမ်းပေးနဲ့  သနပ်ခါးကလိမ်းနေရင်းခြောက်သွားတော့ တစ်ခါမှ ညီတယ်ရယ် မရှိဘူး။

ညီဖို့မညီဖို့မလိုပါဘူးလေ...အဓိကက သနပ်ခါးတင်ထားတဲ့ပါးလေးတွေကမွှေးနေဖို့ပဲ..
မညီမညာသနပ်ခါးလေးနဲ့ဖွေးနေတဲ့ သားနဲ့သမီးရဲ့ပါးဖောင်းဖောင်းလေးကို နွေဦးဖိနမ်းလိုက်တော့ တခစ်ခစ်ရယ်ကြပြန်ရော...ဆည်းလည်းသံသာတယ်ဆိုတာ သားနဲ့သမီးရဲ့ရယ်သံကိုမမှီဘူး။ရွှေဘိုသနပ်ခါးစစ်စစ်ရဲ့ရနံ့က အမြွှာလေးတွေနဲ့ကိုယ်သင်းနဲ့ပေါင်းသွားတော့ပိုမွှေးပြန်တယ်။

အတူတူသနပ်ခါးလိမ်းပြီးတော့ အရမ်းချစ်ဖို့ကောင်းနေတဲ့ ကလေးလေးတွေကိုကြည့်ပြီး ဓာတ်ပုံရိုက်ကာ မိုးပင်လယ်ဆီပို့ပေးလိုက်တယ်။အဲ့မှာ အိမ်ပြန်ချင်လွန်းလို့ မနာလိုဖြစ်စမ်း!

?Daffodils[Complete]Where stories live. Discover now