🍁Daffodils အပိုင်း(၄၄)The Lucky One

4.2K 332 9
                                    

နားထင်ကနေတစ်ဆင့် မျက်ခုံးနှစ်ခုကြားထိစူးကိုက်တက်လာတဲ့ခံစားချက်ကြောင့် မိုးပင်လယ် သူ့ရှေ့က Macbookကိုပိတ်ချလိုက်ပြီး ခေါင်းမော့ကာမျက်စိမှိတ်ထားလိုက်ရတယ်။
သူ့အမေနဲ့စကားပြောပြီးကတည်းက၂ရက်လုံးလုံး ဒီအခန်းထဲကနေဘယ်မှမထွက်ဘယ်သူနဲ့မှလဲအတွေ့မခံဘဲ ဟိန်းထက်နဲ့ ခေါင်းချင်းဆိုင်ပြီး သူ့အမေကုမ္ပဏီရဲ့ ပျော့ကွက်တွေကိုအပြန်ပြန်အလှန်လှန်စဥ်းစားနေခဲ့ပေမယ့် ကျေနပ်လောက်တဲ့ အစီအစဥ်ကထွက်မလာသေးဘူး။

အခြားလူတွေဆို သူဒီလောက်ကြီးထိအာရုံမစိုက်လှပေမယ့် သူရင်ဆိုင်ဖို့ဆုံးဖြတ်ထားတဲ့လူက သူ့ရဲ့ အမေဖြစ်နေတယ်။သူ့အစီအစဥ်က ဟာကွက်မရှိပြည့်စုံနေမှ သူ့အမေကို ပုန်ကန်လို့ရမှာ။

မျက်ခုံးနှစ်ခုကို လက်နဲ့ဖိနှိပ်ရင်း ကိုထက် လာရင်သူအဆူခံရဦးမယ့်အကြောင်းတွေးမိတယ်။သူခုထက်ထိဆေးရုံမှာပဲရှိသေးတာမို့ အလုပ်အလွန်အကျွံမလုပ်ဖို့ တားမြစ်ခံထားရတယ်။သူဒီ၂ရက်လုံးမှာသူ့ရဲ့ကိုယ်ရေးကိုယ်တာ ဖုန်းကိုပါပိတ်ထားလိုက်ပြီး အလုပ်အတွက်ဆက်သွယ်ဖို့ ဖုန်းကိုသာဖွင့်ထားခဲ့တာ။

ခုတော့ သူ့ရဲ့ဖုန်းကိုပြန်ဖွင့်ပြီး သူလဲ အခန်းထဲကနေအပြင်ထွက်ဖို့လိုနေပြီ။ဒီအခန်းထဲမှာနေတာ ကြာပြီမို့ သူ့ဦးနှောက်တွေလဲထုံထိုင်းနေပြီလို့ခံစားရတယ်။ဖုန်းကိုပြန်ဖွင့်လိုက်တာနဲ့ တစ်ပြိုင်တည်း စာတွေ Missed callတွေ သူ့ဆီအပြုံလိုက်ကြီးဝင်လာတာ ကို သူတစ်ခုမှဖွင့်မဖတ်ဘဲ ဘောင်းဘီအိတ်ထဲထိုးထည့်ပြီး အခန်းတံခါးကိုဖွင့်ပြီးထွက်လာခဲ့တယ်။

သူဆေးအိတ်ချိတ်ထားတဲ့ Drip Standကို တွန်းရင်း ​ကော်ရစ်ဒါမှာဖြေးဖြေးချင်းလမ်းလျှောက်နေလိုက်တယ်။ဟိန်းထက်ကလဲ Resortကိုခဏပြန်သွားရပြီးအဒ်ဒမ်က သူ့အလုပ်အရေးကြီးလို့ ပြန်သွားပြီဆိုတော့ ဆေးရုံမှာသူတစ်ယောက်ထဲပဲရှိတယ်။

ဆေးရုံရဲ့ ကော်ရစ်ဒါမှာရပ်ပြီး သံဇကာပေါက်ကနေတစ်ဆင့် အပြင်ကိုလှမ်းကြည့်လိုက်တော့ ဝင်ခါနီးနေလုံးကြီးနဲ့ တည်ငြိမ်နေတဲ့ ပတ်ဝန်းကျင်က သူ့အမြင်အာရုံထဲကို ဝင်လာတယ်။
မဲဘာန်းက ဒီဇင်ဘာမှာဆို အရမ်းအေးပြီး ပတ်ဝန်းကျင်ကလဲ အရမ်းလှတယ်။နေ့လည် ၂နာရီဆိုနေစဝင်နေပြီဖြစ်ပြီး ၂နာရီခွဲ ၃နာရီဆို လုံးဝနေဝင်သွားတာမို့အအေးဓာတ်ကလဲ ပိုလာပြီ။

?Daffodils[Complete]जहाँ कहानियाँ रहती हैं। अभी खोजें