🍁Daffodils အပိုင်း(၉)နားလည်ရခက်တဲ့ဆက်ဆံရေးတွေ

4K 393 9
                                    

🍁Daffodils:အပိုင်း(၉)နားလည်ရခက်တဲ့ဆက်ဆံရေးတွေ

နွေဦး သူ့ရှေ့က ဓာတ်ဗူးကြီးကို်င်ပြီးရပ်နေတဲ့မိုးပင်လယ်ကြောင့် အနေရပိုခက်လာတာမို့တဘက်ကိုလှမ်းယူပြီးခြုံလိုက်တယ်။ပြီးတော့မိုးပင်လယ်လက်ထဲက ဓာတ်ဗူးကို လှမ်းယူလိုက်ပြီးကျေးဇူးတင်စကားပြောကာ ရေနွေးနဲ့ရေအေးကိုစပ်လိုက်တယ်။

သူရေစပ်နေတုန်းမှာပဲ မိုးပင်လယ် က ပြန်ထွက်သွားပြီးသူရေ၂ခွက်လောက် လောင်းပြီးချိန်မှာတော့  မိုးပင်လယ်ပြန်ရောက်လာပြန်တယ်။ဒီတစ်ခါတော့ အပေါ်ပိုင်းဗလာကျင်းနဲ့တဘက်ခြုံပြီးတော့..

နွေဦး မျက်လုံးအပြူးသားနဲ့ ြကည့်နေမိတုန်း..မိုးပင်လယ်က
"ကို်ယ်လဲရေမချိုးရသေးလို့" လို့ပြောပြီး တဘက်ကို တန်းပေါ်တင်လိုက်တယ်။တဘက်ဖယ်လိုက်တော့ ချပ်ကပ်ပြီး ကြွက်သားမြှောင်းတွေနဲ့ခန္ဓာကိုယ်ပေါ်လာတယ်။မိုးပင်လယ် ကို်ယ်လုံးက အဆီပိုမရှိဘူးဆိုတာတော့သိသာပေမဲ့ ခုလောက်ထိမိမိုက်နေလိမ့်မယ်လို့ထင်မထားဘူး။

သူဘာတွေတွေးနေမိတာလဲ...

မိုးပင်လယ်ကရေခွက်နောက်တစ်ခွက်ကို ယူကာရေလောင်းချလိုက်ပြီး "အား...အေးတယ်"လို့အော်ရင်း ဆက်ကာဆက်ကာလောင်းချနေတယ်။

Six-Pack နဲ့လူလဲ ချမ်းရင်အော်တာပါပဲလားလို့နွေဦးပေါက်ကရတွေးမိပြီးစိတ်ထဲက ကြိတ်ပြုံးမိတယ်။မိုးပင်လယ်ကလောင်းနေရင်းပဲ...

"မြန်မြန်ချိုးနော် ဒီရေကုန်သွားရင် ထပ်စပ်ဖို့မရှိတော့ဘူး"

အာ..ဟုတ်သားပဲ...ရုတ်တရက်ကြီး ဘေးကိုရောက်လာပြီးရေချိုးနေတော့ နွေဦးကြောင်ကြည့်နေမိတာ။နွေဦးလဲ နောက်ကနေမြန်မြန်ခပ်ချိုးတော့ သူတို့နှစ်ယောက် ပုံက ကလေးတွေ ရေချိုးပြိုင်တာနဲ့တူနေတယ်။ရေချိုးပြီးတဲ့အချိန်မှာ တဘက်တွေမြန်မြန်ဆွဲယူခြုံပြီး တည်းတဲ့ အိမ်ကိုပြေးရတယ်။နို့မု့ိဒီအအေးဒဏ်နဲ့ သူတို့အေးခဲပြီးသေသွားနိုင်တယ်။

သူတို့ရေချိုးပြီးတဲ့ အချိန်မှာ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲနေပြီ။လခြမ်းကွေးလေးကတော့ တစ်ခြမ်းကလင်းပြီး တစ်ခြမ်းကတိမ်ဖုံးနေတယ်။ကြယ်လေးတွေကတော့ ဟိုတစ်ဖျတ် ဒီတစ်ဖျတ်နဲ့ ပေါ်လာနေပြီ။

?Daffodils[Complete]Όπου ζουν οι ιστορίες. Ανακάλυψε τώρα