🍁Daffodils အပိုင်း(၃၈)တစ်ခါတစ်လေတွေ့ရင်ပြုံးပြကြတာပေါ့!

3.4K 323 25
                                    

မိုးပင်လယ်ရဲ့ အထိန်းအကွပ်မရှိတဲ့စကားတွေက သူ့နားစည်ထဲက သံရည်ပူတွေလောင်းချသလို ဖရီကွမ်စီ အများကြီးပါတဲ့ အသံကိုထုတ်လွှတ်လိုက်သလို ဝင်ချလာပြီး သူ့ဦးနှောက်ကို စီခနဲနေအောင် ဖြစ်သွားစေတယ်။

သူ့နှလုံးသားထဲမှာ ဒေါသနဲ့ဝမ်းနည်းမှုတွေရောပြွမ်းဝင်လာပြီး ဟက်ဟက်ပက်ပက်ရယ်ချလိုက်မိတယ်။ရယ်သာရယ်နေမိတာ သူ့ရင်ထဲမှာ ဘယ်လောက်ထိခံပြင်းပြီးအရှက်ကွဲသလိုဖြစ်နေလဲဆိုတာ သူပဲသိတယ်။

သူ့ကိုဘယ်သူမဆိုအရှက်ရအောင်လာလုပ်လုပ် သူမဟုတ်နေသရွေ့သူဂရုစိုက်မှာမဟုတ်ဘူး။ဒါပေမယ့် ခုကတော့ သူချစ်ရတဲ့လူက ရှေ့တည့်တည့်ကနေ သူ့သိက္ခာကိုလာစော်ကားနေတာ။လက်သည်းဖွက်ထားတာကြောင့် မခုတ်တတ်တဲ့ကြောင်လေးလို့ထင်နေတော့လဲ သူ့လက်သည်းလေးနည်းနည်းကိုမြင်ခွင့်ပေးရမှာပေါ့။

သူ့မေးစေ့ကို ဖျစ်ညှစ်ထားတဲ့ မိုးပင်လယ်ရဲ့ လက်ကို အားနဲ့ဆွဲဖယ်လိုက်ကာ...ထိုင်ခုံပေါ်ကဆင်းပြီး မိုးပင်လယ်နဲ့ မျက်နှာချင်းဆိုင်တည့်တည့်ရပ်လိုက်တယ်။ပြီးတော့ ရှိသမျှအားအကုန်ကို သူ့ရဲ့လက်သီးထဲမှာထည့်ပြီး မိုးပင်လယ်ရဲ့ မျက်နှာဆီကို ပစ်လွှတ်ပေးလိုက်တယ်။

"ကိုယ်တောင်းပန်ပါတယ်နွေဦး!ကိုယ်မရည်ရွယ်..အ!"

တောင်းပန်စကားပြောနေတဲ့မိုးပင်လယ်မျက်နှာက၉၀°လည်ထွက်သွားပြီး ပါးစပ်ထဲမှာ သွေးနံ့သဲ့သဲ့လေးရလိုက်တယ်။သူ့ပါးတစ်ခြမ်းလုံးက ထုံကျင်သွားပြီး လူကပါမူးရိပ်ရိပ်ဖြစ်လာသလိုပဲ။

နေပါဦး ! နွေဦး သူ့ကိုထိုးလိုက်တာလား? လက်သီးနဲ့လေ!
ခန္ဓာကိုယ်က အရာအားလုံးထက် သူ့လက်သူတန်ဖိုးထားတဲ့ နွေဦးက သူ့ကိုထိုးလိုက်တာပဲ!သူဂုဏ်ယူသင့်လားတောင်မသိတော့ဘူး။

နွေဦးကခွဲစိတ်ဆရာဝန်လား MMA လက်ရွေးစင်လား...လက်သီးကလဲပြင်းလိုက်တာ!
မိုးပင်လယ် မရဲတရဲနဲ့ပါးစောင်ကိုလျှာနဲ့ထိုးကြည့်လိုက်တယ်။
Shit!သောက်ကျိုးနည်း နာတာဟ!

နွေဦးကတော့ သူ့လက်သီးသူ ကျေကျေနပ်နပ်ပြန်ပွတ်ပြီးနှစ်သိမ့်ကာ...ဒေါသတကြီး ဆက်ပြီးကြိမ်းမောင်းအော်ဟစ်နေတယ်။

?Daffodils[Complete]Where stories live. Discover now