🍁Daffodils:အပိုင်း(၂)မိုးကမင်းကိုခေါ်လာတယ်...
"အမြဲတမ်းအဲ့လိုပဲ"
အိမ်ရောက်တဲ့အထိနွေဦးစိတ်ထဲ မကျေနပ်ချင်။ဘာကိုမကျေနပ်တာလဲဆိုတာလဲသူကိုယ်တိုင်တောင်ရေရေရာရာမသိ...ထီးယူလာပေးတာကိုလား. . .ထီးပိုင်ရှင်ကိုလား. . .ကိုယ့်ကိုကိုယ်လားကိုမသိတော့။တစ်ခုခုဆိုခံစားချက်မထားတာ ကြာနေပြီမို့ ကိုယ့်ခံစားချက်တောင်ကိုယ်သေချာမသိတဲ့ လူအဖြစ်ကိုရောက်နေပြီလား မပြောတတ်။
မကျေမနပ်စိတ်များကခြေထောက်ကိုလာပွတ်ချွဲတဲ့ကြောင်မလေးဖိုးဝါ ကြောင့် ခဏတာလွင့်စင်သွားရတယ်။
"ဖိုးဝါ သမီးလေး ဖေ့ကိုလွမ်းလို့လား...ဖေကလဲလွမ်းနေတာသိလား...သမီးလေးကို ဘဘသိန်းထမင်းကျွေးသေးလား"
နွေဦးကကောက်ချီပြီး စကားပြောတော့ ဖိုးဝါလေးက ညှောင် ညှောင်ပြန်ပြောတာကို နွေဦးမှာ သဘောကျမဆုံး..သူ့ရဲ့နေ့စဥ်ဘဝထဲမှာ ဖိုးဝါသာမရှိရင် ခုထက်ပိုပြီးခြောက်ကပ်နေတော့မှာ သေချာတယ်။
ဖိုးဝါရဲ့ခေါင်းလေးကိုပွတ်သတ်ပေးရင်းဖိုးဝါလောက်တောင် နွေဦးအပေါ်သံယောဇဥ်မရှိခဲ့သူကိုတွေးမိပြီးဝဲဘက်ရင်ကတဖျဥ်းဖျဥ်းနာကျင်လာတယ်။ဖိုးဝါရဲ့ သခင်ထက် ဖိုးဝါလေးကမှ သူ့အပေါ်သံယောဇဥ်ရှိသေးတယ်။ခံစားချက်ဆိုတာမျိုးကအချိန်တွေကြာပေမဲ့လဲ ခံရတဲ့လူအဖို့ကသတိရတိုင်းနာကျင်ရတာချည်းမလား။
ကြွေးယူတဲ့လူကမေ့သွားပေမယ့် ကြွေးပိုင်ရှင်က သတိရသလိုမျိုးပေါ့..."သြ..သားနွေပြန်လာပြီလား"
"ဟုတ် ဘသိန်း...ဒီည ညဂျူတီတော့မရှိဘူး ဒါပေမဲ့ လာခေါ်ရင်တော့လိုက်ရမှာပဲ"
"အေးပါ မိုးတွေစိုလာတယ်မလား...ဖိုးဝါကိုခဏချထားဦး...ရေမိုးချိုးဖို့အရင်လုပ်...စကားတွေပြောနေလိုက်တာ မသိတဲ့လူကြားရင် သားနွေကတိတ်တိတ်လေး ကလေးမွေးထားတယ်ထင်တော့မယ်"
ဘသိန်းစကားကြောင့် နွေဦး ဟက်ဟက်ပက်ပက်ပြုံးကာ..
"ဟုတ်တာပဲလေ ကျွန်တော့်သမီးလေးပဲနော့..သမီးလေးရယ်..သြော် ဘသိန်းနားချင်နားတော့နော်ဖိုးဝါကို ကျွန်တော်ထမင်းစားရင်ကျွေးလိုက်မယ်"
YOU ARE READING
?Daffodils[Complete]
Romanceတောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြိမ့်drama ဇာတ်လမ်းလေးတွေကြိုက်သူတွေအတွက်ပိုအဆင်ပြေမှာပါ...