🍁Daffodils:အပိုင်း(၂၇)ရှူး!တိုးတိုး...
"ကိုယ်လဲချစ်တယ်...ချစ်တာမှအရမ်းချစ်တာ"
မိုးပင်လယ်ကပြောပြီးပြီးချင်း သူ့နှုတ်ခမ်းတွေကိုထပ်ပြီးနမ်းပါတော့တယ်။နမ်းတာကပြဿနာမဟုတ်ပေမဲ့ အချိန်အကြာကြီးခေါင်းမော့ထားရတာကပြဿနာရှိတယ်။လူကြားထဲမှာဆိုတော့ ပြင်းပြင်းပြပြနမ်းတာမျိုးမဟုတ်ပဲ မျက်နှာချင်းဆိုင်ဖိကပ်နမ်းရုံလောက်ကို အဲ့လောက်အချိန်မှမလိုတာ။
နွေဉီး ဇက်ညောင်းလာတော့ မိုးပင်လယ်ရဲ့ရင်ဘက်ကိုလက်နဲ့တွန်းမလို့လုပ်တုန်းရုတ်တရက် မျက်လုံးထဲမှာဖျတ်ခနဲလင်းသွားတဲ့အလင်းရောင်ကြောင့် မိုးပင်လယ်လဲမျက်လုံးပွင့်လာပြီး ဘေးဘီကိုလှည့်ကြည့်တယ်။ ဖုန်းကင်မရာထောင်ထားပြီးချိန်တာကိုမိသွားတဲ့ ဖြူနှင်းကလွဲပြီး ကင်မရာနဲ့တူတာရှိမနေဘူး...ဒါပေမဲ့ လင်းသွားတဲ့အလင်းရောင်က သေချာပေါက် ကင်မရာတစ်လုံးရဲ့ Flash မီးပဲ။
သူတို့ဘေးမှာဖြတ်သွားဖြတ်လာတွေရယ် အလိုမကျရပ်နေတဲ့ ခေမီရယ်...ပြုံးဖြီးဖြီးဖြစ်နေတဲ့ ကိုထွဋ်တို့သုံးယောက်ရယ်ပဲရှိတာ...ဘယ်သူ့ဆီမှာမှလဲ ကင်မရာမရှိဘူး...မိုးပင်လယ်စိတ်ထဲ အလိုမကျရှိတာမို့ ထုတ်မေးလိုက်တော့တယ်။
"ကိုထွဋ်...ခုနကဓာတ်ပုံရိုက်လိုက်သေးလား"
ကိုထွဋ်ကရှုံမဲ့ပြီး...
"ငါကဘာလို့မင်းတို့ပုံကိုရိုက်ရမှာလဲ...ဟိုကောင်မလေးတွေမေးကြည့် သူတို့နှစ်ယောက်ပဲ မင်းတို့ကိုကြည့်ပြီး လက်တွေကိုက်နေကြတာ"ကိုထွဋ်ကဖြူနှင်းနဲ့ သဒ္ဒါကိုမေးငေါ့ပြပြီးပြောတော့ ဟိုနှစ်ယောက်သူခိုးလူမိသလို တောင်ကြည့်မြောက်ကြည့်ဖြစ်သွားတယ်။ခေမီကစိတ်မရှည်ပဲ..
"ကဲ...ဘာတွေတောင်တောင်အီအီလျှောက်ကြည့်နေပြန်ပြီလဲ...ခုနကဓာတ်ပုံရိုက်လိုက်သေးလားလို့မေးနေတယ်လေ""ဟုတ်...ရိုက်လိုက်မိတယ် သဒ္ဒါတို့က ဆရာတို့အရမ်းလိုက်လို့ ရိုက်လိုက်မိတာ...ဖျက်ပေးရမလားဟင်"
သူဆူမယ်အထင်နဲ့သဒ္ဒါကငိုမဲ့မဲ့လေးပြောလာတယ်။မိုးပင်လယ်က ပြုံးပြီး..
"မဖျက်ခိုင်းပါဘူး...ဓာတ်ပုံကြည့်ချင်လို့မေးတာပါ"
YOU ARE READING
?Daffodils[Complete]
Romanceတောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြိမ့်drama ဇာတ်လမ်းလေးတွေကြိုက်သူတွေအတွက်ပိုအဆင်ပြေမှာပါ...