🍁Daffodils အပိုင်း(၁၈)MaMa Boy

3.6K 361 18
                                    

🍁Daffodils:အပိုင်း(၁၈)MaMa Boy

"ဒေါက်တာခေမီဇူးဇန် ကိစ္စရှိလို့လဲ"

မျက်ခုံးအတွန့်ချိုးပြီးအေးတိအေးစက်အသံနဲ့  အမေးခံလိုက်ရတော့ရုတ်တရက် ဘာပြန်ဖြေရမလဲမသိတာမို့  ခေမီဒီတိုင်းပဲရပ်နေမိတယ်။နွေဦးက အရိပ်အခြေကြည့်ပြီးအရင်ထွက်သွားပေးတာမို့တော်သေးတယ်။မိုးပင်လယ်နဲ့မျက်နှာချင်းဆိုင်ရမှာကို စိတ်ထဲကထိတ်လန့်သလိုဖြစ်နေတာမို့ ခေမီ ခေါင်းငုံ့နေပြန်တော့လဲ စိတ်မရှည်တဲ့အသံကထပ်ထွက်လာတယ်။

"ဘာပြောစရာရှိလို့လဲ လို့ ကိုယ်မေးနေတယ်လေ"

မိုးပင်လယ်ရဲ့အသံကအရမ်းကိုတင်းမာနေတာကြောင့်ခေမီတုန်တောင်သွားရတယ်။နူးနူးညံ့ညံ့ပြောဆိုပြုမူတတ်တဲ့မိုးပင်လယ်ရဲ့တစ်ဖက်ခြမ်းမှာတော့ အားနာတတ်ခြင်း ညှာတာတတ်ခြင်းတွေကိုသူရှာမရဘူးဖြစ်နေတယ်။ခေမီချောင်းတစ်ချက်ဟန့်ကာအားတင်းပြီးပြောမယ်လုပ်တော့လဲ ပြောစရာစကားကထွက်မလာဘူး။တကယ်တော့ မိုးပင်လယ်နဲ့နွေဦးကိုမြင်လို့သာ အပြေးအလွှားရောက်လာမိတာ။

မိုးပင်လယ်က စိတ်မရှည်သလိုသက်ပြင်းတစ်ချက်ချပြီးသူနဲ့နီးအောင်ရှေ့ကိုတစ်လှမ်းချင်းတိုးလာရင်း..."မင်းမှာပြောစရာမရှိရင် ကိုယ်ပြောမယ်...အရင်ရက်တွေက မေမေ ကိုယ့်ဆီဖုန်းဆက်တယ်...အစက အလုပ်ထွက်ဖို့ကို အရမ်းမလောခဲ့တဲ့သူက ခုအရမ်းအလုပ်ထွက်စေချင်နေတယ်..မင်းမေမေ့ကိုဘာတွေသွားပြောလိုက်လို့လဲ"

သူ့စကားကြောင့်ခေမီ့မျက်နှာကွက်ခနဲပျက်သွားပြီး ဝိုင်းစက်လှပတဲ့မျက်လုံးလေးတွေက စိတ်လှုပ်ရှားမှုကြောင့်မတည်မငြိမ်ဖြစ်လာတယ်။ဒါပေမယ့်ခေမီကအားတင်းပြီးသူ့မျက်နှာကိုတည့်တည့်စိုက်ကြည့်ရင်း ငြင်းချက်ထုတ်လာတယ်။

"ခေမီက ဘာကိုပြောရမှာလဲ...အန်တီသူ့ဟာသူဘာသိထားလို့လဲမှမသိတာ...အစ်ကို့မှာခေမီ့ကိုစွပ်စွဲဖို့ဘာအထောက်အထားရှိလို့လဲ"

"ဘာအထောက်အထားမှမရှိပါဘူး...ဒါပေမဲ့ ခေမီ..."

မိုးပင်လယ်က စကားကိုရပ်ထားလိုက်ပြီးမေးကြောကိုတင်းခနဲဖြစ်သွားအောင် အံကြိတ်လိုက်တယ်။အဲ့နောက် ခေမီ့မေးဖျားကို လက်ဖျားလေးနဲ့ဆွဲယူမော့လိုက်ရင်း...

?Daffodils[Complete]Donde viven las historias. Descúbrelo ahora