🍁Daffodils_Extra.4

1.8K 35 0
                                    

Married Life Story:ပွဲကြိုက်တဲ့ကလေးတို့မေမေ

"တွေ့ရတာဝမ်းသာပါတယ် နွေဉီးဧရာ...ကိုယ့်နာမည် သွန်းအလင်္ကာ...အမြွှာလေးတွေအမေရင်း...ဒီလောက်ဆို ကိုယ့်ကိုသိလောက်ပါပြီနော်"

နွေဉီး​တောင့်ခဲခံရသလိုဖြစ်သွားပြီးခဏတာလောက်ကြောင်အသွားရတယ်။သွန်းအလင်္ကာကတော့အသံလွင်လွင်နဲ့ ရယ်နေရင်း...

"ကိုယ့်ကိုမမှတ်မိတာတော့ လွန်တာပေါ့...ကိုယ့်ပုံစံကအဲ့လောက်တောင်သာမာန်ဆန်တာလား!ဟင်!..သြော်..ဟုတ်သားပဲ ကိုယ်​မေ့နေတာ အဲ့တုန်းကကိုယ် Maskတပ်ထားတာကို"

သွန်းအလင်္ကာကတော့ သူ့ဟာသူမေး သူ့ဟာသူဖြေနဲ့ ဟန်ကျနေပေမယ့် နွေဉီးကတော့ဘယ်လိုမှကိုအဆင်ပြေမနေဘူးဖြစ်နေတာကြောင့် စကားရောဖောရောတောင်မလုပ်မိဘူး။နွေဉီး ချောင်းတစ်ချက်ဟန့်လိုက်ပြီး...ကမ်းထားတဲ့လက်ကိုဆုတ်ကိုင်လိုက်တယ်။ပြီးတော့ တည်ငြိမ်အောင် အတင်းလုပ်ယူလိုက်ရတဲ့အသံနဲ့ ...

"တွေ့ရတာဝမ်းသာပါတယ် သွန်းအလင်္ကာ အမြဲတမ်းတွေ့ချင်နေခဲ့တာပါ"
လိမ်တာတစ်ဝက် အမှန်တရား တစ်ဝက်ပါတဲ့စကားကိုနွေဉီး ​ပြောလိုက်တယ်။အမြဲတမ်းတွေ့ချင်နေတာက အမှန်တရားဖြစ်ပြီး တွေ့ရတာကိုတော့ သူတကယ်ကိုဝမ်းမသာနိုင်ဘူး။

စိတ်လှုပ်ရှားသွားတဲ့ မျက်နှာအနေအထားကိုတော့ အတတ်နိုင်ဆုံး ထိန်းချုပ်ထားပေမယ့် သွန်းအလင်္ကာရဲ့လက်ကိုကိုင်လိုက်တဲ့ သူ့လက်တွေအေးစက်မနေဖို့တော့ သူ မထိန်းချုပ်နိုင်လိုက်တော့ သွန်းအလင်္ကာရဲ့မျက်နှာမှာ အံ့သြတဲ့အရိပ်လေးခပ်ပါးပါးဖြတ်ပြေးသွားတယ်။

"နွေဉီး...လက်တွေအေးစက်နေပါလား!ကိုယ်ရောက်လာတာကိုလန့်သွားတာလား"

နွေဉီးခေါင်းညိတ်လိုက်ပြီး လက်ကိုပြန်ရုတ်ယူလိုက်တော့ သွန်းအင်္လကာ ကပြန်ဆွဲထားပြီး...

"လန့်သွားတာလားလို့ ပြောဉီးလေ"

"နည်းနည်း!ရုတ်တရက်ကြီးဆိုတော့"

"အင်း...ကိုယ်ထင်ပါတယ်...မလန့်ပါနဲ့ ကိုယ်ကကိုက်မစားပါဘူး ဟင်းဟင်း"

နွေဉီးစိတ်ထဲမှာအလိုမကျဖြစ်သွားရပြီး ဒီမိန်းကလေးကလူတစ်ဖက်သားကိုစိတ်ဒုက္ခပေးတဲ့နေရာမှာ တော်ပုံရတယ်လို့လဲတွေးမိတယ်။လူတွေနဲ့ထိတွေ့ဆက်ဆံရာမှာ နည်းနည်းညံ့တဲ့နွေဉီးအနေနဲ့ ဒီလိုတဇွတ်ထိုးဆန်တဲ့ လူမျိုးနဲ့ပြောရမှာ အဆင်မပြေလှဘူး။မိုးပင်လယ်သာခုချိန်ဘေးမှာရှိရင် ဒီလိုမျိုး အကျပ်အတည်းထဲရောက်နေရမှာမဟုတ်ဘူး...စကားပြောတာကို မိုးပင်လယ်ကိုလုပ်ခိုင်းလိုက်ပြီး သူက သားနဲ့သမီးနားမှာပဲ တောက်တဲ့လိုကပ်နေလိုက်ချင်တယ်။

?Daffodils[Complete]On viuen les histories. Descobreix ara