🍁Daffodils အပိုင်း(၁၀)သစ်ကိုင်းကျိုးဖန်တဲ့ ဖူးစာ

1.6K 61 0
                                    

🍁Daffodils:အပိုင်း(၁၀)သစ်ကိုင်းကျိုးဖန်တဲ့ဖူးစာ

နွေဉီးရယ်မောနေတဲ့ လူစုကို ထားခဲ့ပြီး ခပ်လှမ်းလှမ်းကိုထွက်လာခဲ့တယ်။ ဘာမှန်းမသိဘဲ သူနဲ့မဆိုင်သလိုခံစားနေရတာကြောင့်လဲပါတယ်။လူစုကိုလှမ်းမြင်နေရပေမယ့်လဲ အသံကိုတော့ခပ်သဲ့သဲ့ပဲကြားနိုင်လောက်တဲ့နေရာမှာရပ်လိုက်တယ်။သူနှင်းစိုနေတဲ့မြက်ခင်းပေါ်လှဲချလိုက်တော့ ကြယ်စုံနေတဲ့ကောင်းကင်နဲ့မျက်နှာချင်းဆိုင်ဖြစ်သွားတယ်။

တော်တော်လေးကြာတဲ့အထိကောင်းကင်ကိုကြည့်​ပြီး သူထမယ်အလုပ်မှာတော့ နွေးထွေးတဲ့ လက်တစ်ဖက်က သူ့နဖူးကိုဖိပြီးတားမြစ်တာကိုခံလိုက်ရတယ်။နွေဉီး မျက်လုံးလှန်ကြည့်လိုက်တော့ မိုးပင်လယ်ကပြုံးပြပြီး နွေဉီးဘေးမှာဝင်လှဲတယ်။

"ဝိုး..လှလိုက်တာ...မြင်ကွင်းကောင်းကို တစ်ယောက်ထဲလာကြည့်နေတယ်"

သူဘာမြှပန်မပြောမိဘူး။ဘာမြှပန်မပြောတော့ မိုးပင်လယ်ကပဲဆက်ပြောလာတယ်။

"မွေးနေ့က ၁၁ ရက်နေ့ဆို..."

"အင်း..ဘယ်လိုသိတာလဲ"

"ခေမီပြောတာ...ကလေးလေးမွေးနေ့အကြောင်းပြောရင်းနဲ့ နွေဉီးနဲ့ မွေးရက်တူတာပဲ ဆိုပြီးပြောဖြစ်သွားတာ"

"နောက်ကွယ်မှာကျွန်တော့်အတင်းပြောနေကြတာလား"

နွေဉီးစကားကြောင့် မိုးပင်လယ်က ဟက်ဟက်ပက်ပက်ရယ်ကာ...

"အတင်းမဟုတ်ရပါဘူး..နွေဉီးမွေးနေ့ ကို ဘယ်သူမှမသိကြလို့နာ့စ်တွေတောင်စိတ်မကောင်းဖြစ်နေကြတာ"

နွေဉီးရယ်လိုက်ရင်း..
"ရပါတယ်..ကိုရီးယားမဟုတ်တော့ ရေညှိဟင်းချိုလဲသောက်စရာမှမလိုတာ...မွေးနေ့ကတော့ကိုယ့်ဟာကိုယ်တောင်မေ့နေတာ"

"ဟုတ်ပါပြီ...နွေဉီး သိလား!ကိုယ့်မွေးနေ့လဲ ၁၁ရက်နေ့ပဲ"

"ဟုတ်လား..!!."

နွေဉီး အံ့သြသွားတာမို့ ဘေးကိုခေါင်းလှည့်ပြီးမေးလိုက်တော့ မိုးပင်လယ်ကလဲ နွေဉီးဘက်ကို ခန္ဓာကိုယ်စောင်းလိုက်ပြီး ခေါင်းကို လက်နဲ့ထောက်ကာနွေဉီးကိုမိုးကြည့်ရင်းခေါင်းညိတ်တယ်။ပြီးအံကြိတ်ကာ...

?Daffodils[Complete]Unde poveștirile trăiesc. Descoperă acum