🍁Daffodils အပိုင်း(၂၆)အချင်းချင်းချစ်နေကြပြီ!!

3.4K 308 12
                                    

🍁Daffodils:အပိုင်း(၂၆)အချင်းချင်းချစ်နေကြပြီ

ရှမ်းဝတ်စုံလေးဝတ်ထားတဲ့နွေဦးကိုကြည့်ပြီး ရောင်းလိုက်တဲ့ဆိုင်ရှင်ကိုပြေးတောင်ရိုက်ချင်သွားတယ်။

ကြည့်ဦး!!သူဝယ်လာတဲ့အင်္ကျီအရောင်နဲ့ နွေဦးဘယ်လောက်တောင်လိုက်ဖက်နေလဲဆိုတာ။လှန်ဖြီးမထားတဲ့ဆံပင်အုပ်အုပ်နဲ့ဆိုနွေဦးက အရမ်းချစ်ဖို့ကောင်းတာ။အသားဖြူပေမဲ့သူများတွေလိုဖြူလျော်လျော်ကြီးဖြစ်မနေပဲပါးလေးတွေကသဘာဝအတိုင်းပန်းရောင်သန်းနေတာကနွေဦးရဲ့ထူးခြားချက်ပဲ။

အသားအရည်ကြည်လင်ဝင်းပနေပြီး အင်္ကျီအရောင်ဟပ်နေတော့ ရှုမငြီးတဲ့အလှလေးဖြစ်နေရော!!ရှမ်းအင်္ကျီလည်ကတုံးကထွက်နေတဲ့လည်တိုင်ဖြူဖြူသွယ်သွယ်လေးကို သူတစ်ကိုက်လောက်ကိုက်ချင်လိုက်တာ!!

သူ့အတွေးတွေကို မသိတဲ့နွေဦးကတော့ သူစိုက်ကြည့်နေတော့ လည်ပင်းပွတ်လိုက် အင်္ကျီဆွဲချလိုက်နဲ့ဖြစ်နေပြီ။ရှက်ကိုးရှက်ကန်းပုံလေးကလဲချစ်ဖို့ကောင်းတာပဲ...မိုးပင်လယ်ရေချိုးပြီးစမွှေးမွှေးလေးဖြစ်နေတဲ့နွေဦးနားကိုသူတောင်မသိလိုက်ပါပဲဖျတ်ခနဲရောက်သွားတယ်။နွေဦးရဲ့ လျှော်ပြီးစ ဆံပင်လေးကို မွှေးကြူလိုက်ရင်း...

"နွေဦး...ဆံပင်ခြောက်အောင်မလုပ်ဘူးလား"

"ရတယ်..သူ့ဟာသူခြောက်သွားလိမ့်မယ်...လာသွားကြမယ်"

"မရဘူး...လေတွေတိုက်ပြီးဖျားလိမ့်မယ်..လာကိုယ်ခြောက်အောင်လုပ်ပေးမယ်"

"ကျစ်...ကျွန်တော့်ဆံပင်ကအရှည်ကြီးလဲမဟုတ်ဘူး ခဏနေခြောက်သွားမှာဆို"

မိုးပင်လယ်ခေါင်းခါလိုက်ပြီး...
"မရဘူး...လေမှုတ်ရမယ်"

"ဟ!ခင်ဗျားဒီနေ့ဘာတွေဖြစ်နေတာလဲ..ကျွန်တော်မမှုတ်ချင်ဘူး...သူများတွေလဲစောင့်နေကြတော့မယ်"

မိုးပင်လယ်ကတော့ခေါင်းမာမာနဲ့ခေါင်းခါနေတုန်းပဲ...
"ဟင့်အင်း...မစောင့်နိုင်လို့သွားမယ်ဆိုလဲသွားပါစေလေ...မင်းကတော့မှုတ်ပြီးမှသွားရမယ်"

နွေဦး စိတ်မရှည်ဖြစ်လာပြီ။သူ့ဆံပင်တိုတိုလေးကရေပိစိလေးစိုနေတာ သူ့အပေါ်ဘာအကျိုးသက်ရောက်မှုရှိမှာမို့လို့လဲ။

?Daffodils[Complete]Where stories live. Discover now