🍁Daffodils အပိုင်း(၃၀)Happy Birthday. . .

1.1K 45 1
                                    

"အိမ်ကိုမြန်မြန်ပြန်လာခဲ့ပါဉီး!!"

"နွေဉီး ဘာဖြစ်လို့လဲ"
မိုးပင်လယ်လူနာဆောင်ထဲကထွက်လာရုံရှိသေးတယ် နွေဉီးဆီကဖုန်းဝင်လာပြီး
သူစကားတောင်ဆုံးအောင်မပြောရသေးဘူး ဖုန်းကျသွားပြီ။ပြန်ခေါ်တော့လဲ မကိုင်ဘူး...ဖုန်းထဲကနွေဉီးအသံကပုံမှန်မဟုတ်သလိုခံစားရလို့ မိုးပင်လယ်ရင်တွေတုန်လာတယ်။ဘာများဖြစ်လို့ပါလိမ့်...

ဖုန်းကိုဂျုတီကုတ်ထဲပစ် ထည့်ပြီး သူကော်ရစ်ဒါတစ်လျှောက်ပြေးလာနေတုန်း လမ်းမှာတွေ့တဲ့ ကိုကျော်ဇင်ထွဋ်က သူ့လက်ကိုအတင်းဖမ်းဆွဲတယ်။

"Sea! Sea! ဘာဖြစ်လို့လဲ...ဘာဖြစ်လို့ပြေးနေတာလဲ"

"ဟာ!!အစ်ကို အတော်ပဲဗျာ...ကျွန်တော်အိမ်ကိုအလောတကြီးပြန်ရမှာမို့ ဂျူတီလေး ခဏစောင့်ပေးပါဗျာနော်"

အစ်ကို့အဖြေကိုတောင်နားမထောင်နိုင်တော့ပဲ သူဆေးရုံကနေအိမ်အထိတစ်ရှိန်ထိုးပြေးရတယ်။အိမ်နားကိုရောက်ခါနီးလေ သူ့ရင်တွေတုန်လာလေပဲ...ဆေးရုံကနေဆို နွေဉီးအိမ်ကိုလှမ်းမြင်ရတယ်။ခုသူမြင်နေတာတော့ ဘာအလင်းရောင်မှမရှိဘဲ မှောင်မဲနေတာပဲ။သူနိုက်ဂျူတီကျတဲ့နေ့ကျမှ ဘာတြွေဖစ်ရတာပါလိမ့်။သူ့အမေများရုတ်တရက်ရောက်လာလို့လား။
သူ့စိတ်ထဲမှာ မြွေတွေ လူဆိုးတွေထက် သူ့အမေရောက်ချလာမှာပဲစိုးရိမ်နေမိတယ်။

မိုးပင်လယ် ခြံတံခါးကို အလောတကြီးဖွင့်ဝင်သွားပြီး အိမ်ဝရောက်တော့ အိမ်တံခါးကလဲ ပွင့်နေတယ်။အိမ်ထဲမှာတော့ အပ်ကျသံတောင်ကြားရလောက်တဲ့ထိ တိတ်ဆိတ်နေလို့ သူသက်ပြင်းချလိုက်မိတယ်။ဒီလောက်ဆို သူ့အမေရောက်နေတာမဟုတ်လောက်ဘူး...သူ့အမေကလွဲရင်ကျန်တာအကုန်သူရင်ဆိုင်ရဲတာမို့ အိမ်ထဲမဝင်ခင် ခြံထဲက တုတ်တစ်ချောင်းပြန်ကောက်ပြီး အိမ်ထဲဝင်လာလိုက်တယ်။

တစ်လှမ်း...
နှစ်လှမ်း...
သုံးလှမ်း...

သူ့ခြေလှမ်း လေးလှမ်းမြောက်မှာ မီးခြစ်သံဖျောက်ခနဲမြည်သံနဲ့အတူ ကိတ်မုန့်ကိုင်ထားတဲ့ နွေဉီး ထမင်းစားပွဲ နောက်ကနေပေါ်လာတော့သူအံ့သြပျော်ရွှင်မှုနဲ့အတူ မျက်ရည်တောင်ဝဲလာမိတယ်။နွေဉီးကတော့ မွေးနေ့သီချင်းကိုဆိုပြီး သူ့ဆီတစ်လှမ်းချင်းလှမ်းလာနေတယ်။

?Daffodils[Complete]Où les histoires vivent. Découvrez maintenant