🍁Daffodils အပိုင်း(၃၄)အမေးအမြန်းထူတဲ့ ရည်းစားဟောင်း!

3.1K 304 12
                                    

လက်ထဲကမာဖလာကိုစိုက်ကြည့်နေရင်းနွေဦးအတွေးတွေကတောင်ရောက်မြောက်ရောက်..ထင်ရှားလာလိုက် ဝေဝါးသွားလိုက်ဖြစ်နေပြီး ခံစားချက်တွေကလဲ ကဗြောင်းကပြန်တွေဖြစ်နေတယ်။
သူ့ဘဝမှာ ဒီလောက်အတွေးတွေရှုပ်ယှက်ခတ်နေတာမျိုး မဖြစ်ဖူးဘူး။

သူ့ကိုအတွေးတွေရှုပ်ယှက်ခတ်အောင်လုပ်သွားတဲ့လူကတော့ အခြားလူမဟုတ်ဘူးကိုထွဋ်ပဲ...
ကိုထွဋ်က သူ့လက်ထဲအရောက်မာဖလာကိုထည့်ပေးပြီး...

"Seaက ဒီမာဖလာကိုသူဆက်မသိမ်းထားတော့ဘူးလို့ပြောသွားတယ်။ပြီးတော့ဒီဟာက မင်းဟာတဲ့ သူမပြန်ခင် အဝတ်အစားသိမ်းရင်း ပါသွားတာလို့ပြောတာပဲ...နွေဦး!မင်းလဲစိတ်ရှုပ်နေမယ်ဆိုတာသိပေမယ့် ငါတစ်ခုလောက်တော့​မေးဦးမယ်...Seaက မင်းကိုဘာလို့ထားသွားတာလဲ..မင်းတို့ဘာတွေပြဿနာဖြစ်ကြတာလဲ"

နွေဦးရိုးရိုးသားသားပဲခေါင်းခါပြလိုက်တယ်။

"ကျွန်တော်မသိဘူး...မသိလို့လဲခံပြင်းနေတာပေါ့..အကုန်အဆင်ပြေနေရင်းရုတ်တရက်ဖြစ်သွားတာဆိုတော့ တခါတလေ အိမ်မက် မက်နေလားတောင်ထင်မိတာ"

ကိုထွဋ်ကခေါင်းတဆတ်ဆတ်ညိတ်တယ်။

"Seaကတော့မင်းကိုအပြစ်တင်ချင်နေတဲ့ပုံပေါ်နေလို့...ငါ့စိတ်ထင်ပါ...အဲ့လိုပုံပေါ်နေပေမယ့် မင်းကိုလဲလစ်လျူရှုဖို့ခက်နေပြန်ရော...သူ့မှာလဲသူဒီလိုလုပ်နေရတဲ့ ခိုင်မာတဲ့အကြောင်းပြချက်ရှိနေမှာပဲ..မင်းတို့နှစ်ယောက် အေးအေးဆေးဆေးစကားပြောကြည့်ကြပါလား"

"ခိုင်မာတဲ့အကြောင်းပြချက်!!ဘယ်လိုအကြောင်းပြချက်မျိုးမို့လို့ ကျွန်တော့်ကို ထားသွားရတာမျိုးဖြစ်မလဲ အစ်ကိုစဥ်းစားကြည့်...ကျွန်တော်တော့ သူ့အမေကြောင့်ဆိုတဲ့ အကြောင်းပြချက်ကလွဲပြီး စဥ်းစားမရဘူး။ကျွန်တော့်ကို အပြစ်တင်ချင်နေတဲ့ပုံပေါ်နေတာကိုကျွန်တော်လဲ ခံစားမိတယ်..ဒါပေမယ့်ကျွန်တော်ဘာမှမမှားခဲ့ဖူးလေ အစ်ကို!

သူထွက်သွားပြီးကတည်းက ကျွန်တော့်ကို လုံးဝအဆက်အသွယ်ဖြတ်သွားတာ...အလုပ်ထွက်လိုက်တာတွေ ခေမီနဲ့စေ့စပ်လိုက်တာတွေကို ကျွန်တော်အခြားလူတွေပြောမှ အခြားလူတွေရဲ့နောက်ဆုံးမှ သိခဲ့ရတာ...

?Daffodils[Complete]Where stories live. Discover now