🍁Daffodils အပိုင်း(၂၃)အိမ်ဆက်ပြန်ကြရအောင်!!

3.4K 309 6
                                    

🍁Daffodils:အပိုင်း(၂၃)အိမ်ဆက်ပြန်ကြရအောင်

ခေမီ့ကိုသူမမြင်ဖူးသလို ပြူးကြည့်နေမိတာ သူ့ဖုန်းကတုန်ခါသံကြားမှ သတိပြန်ဝင်လာတယ်။
[ကိုယ် မင်းကိုစောင့်နေတယ်နော်]

နွေဦး ထိုင်နေရာကနေခြံတံခါးကိုခါးကုန်းပြီးလှမ်းကြည့်လိုက်တော့ မှောင်ထဲမှာ ရပ်စောင့်နေတဲ့ မိုးပင်လယ်ကိုတွေ့လိုက်တယ်။ခြင်တွေကိုက်ကုန်တော့မှာပဲ...အေးနေတော့မှာပဲဆိုတဲ့အတွေးက နွေဦးခေါင်းထဲ အရင်ဝင်လာတယ်။နွေဦး တစ်စုံတစ်ယောက်အတွက်စိုးရိမ်ရတာမျိုးကို လုံးဝမလုပ်ချင်ဘူး...ကိုယ့်စိတ်ကို အဲ့လူဆီမှာပုံအပ်လိုက်မိမှာနွေဦးကအရမ်းကြောက်တယ်။ဒါပေမဲ့အဲ့ဒါတွေက မိုးပင်လယ်နဲ့ပတ်သတ်ရင်ဘယ်လိုမှထိန်းလို့မရဘူး...ဖြစ်ရိုးဖြစ်စဥ်တစ်ခုလိုပဲဖြစ်ကုန်တယ်။

ခေမီကတော့ အစကတည်းက မြင်ထားပုံပေါ်တယ်။အံတစ်ချက်ကြိတ်လိုက်ကာနွေဦးဘက်ကိုခေါင်းပြန်လှည့်ပြီး ..."နင့်ကိုလိုက်ခေါ်တာလား"

နွေဦး ခေါင်းပဲညိတ်ပြလိုက်ပြီး ဆေးရုံစာအုပ်ကို စားပွဲပေါ်ကနေပြန်ယူပြီး ထလိုက်တယ်။သူထတော့ ခေမီကပါလိုက်ထလိုက်ပြီး...
"နင်ပျော်နေလား"

နွေဦး တကယ်နားမလည်လို့ပြန်မေးလိုက်ရတယ်။
"ဘာကိုလဲ"

"မိုးပင်လယ်ကို နင်ရသွား​ပြီလေ...ငါသူ့ကိုအရင်တွေ့ခဲ့ပေမဲ့ နင်ရသွားတာလေ"

"သြော်...ပျော်တယ်တော့မဟုတ်ပါဘူး...ပျော်ရမှာလား"
နွေဦးက မထူးဆန်းတဲ့ ကိစ္စလို ပြောလိုက်တော့ နဂိုကမှမနာလိုဖြစ်နေတဲ့ခေမီ့မျက်နှာက မည်းတက်သွားပြီး...

"နင် အပိုတွေလုပ်မနေပါနဲ့နွေဦးရာ...နင်ဘယ်လောက်ပျော်နေလဲဆိုတာ နင့်အပြုအမူ မျက်နှာအနေအထားအရလူတိုင်းမြင်နေတာပဲ"

"အဲ့ဒါဆိုလဲ နင်မြင်နေပြီပဲ ဘာလို့ ငါ့ကိုလာမေးနေသေးလဲ"

"အင်း...နင်ပျော်လို့ရတုန်းအဝပျော်ထားနော်...အချိန်ကျရင်ငါပြန်ယူမှာမို့လို့...ငါဘဝတစ်ခုလုံးမှာ နင်ကချည်းပဲငါ့အထက်မှာဆိုပေမဲ့ ဒီတစ်ခါတော့ငါနိုင်မှာ...သူငယ်ချင်းလိုခဏနေခဲ့ဖူးလို့  ခဏအကြောပေးထားလိုက်မယ်"

?Daffodils[Complete]Where stories live. Discover now