🍁Daffodils အပိုင်း(၁၉)ကျွန်တော်MaMa boyနဲ့တော့မတွဲချင်ဘူး

3.3K 346 6
                                    

🍁Daffodils:အပိုင်း(၁၉)ကျွန်တော်MaMa boyနဲ့တော့မတွဲချင်ဘူး

အလုပ်နားရက်တုန်းကသူတို့နှစ်ယောက်စကားပြောပြီးနောက်ပိုင်းမှာ နွေဦးပဲစိတ်ထင်နေလို့လားမသိပေမဲ့ သူနဲ့မိုးပင်လယ်ရဲ့ကြားကလေထုက အေးတိအေးစက်ဖြစ်နေသလိုပဲ။မိုးပင်လယ်ကအရင်လို မနက်လင်းရင် 'မောနင်း' လို့နှုတ်ဆက်တုန်း...မနက်စာချက်ပေးတုန်းဆိုပေမဲ့  မနက်စာအတူတူမစားတော့သလို အရင်လို စစ နောက်နောက်လဲမရှိတော့ဘူး။

အထူးသဖြင့် ခွဲစိတ်ခုံရဲ့ မျက်နှာချင်းဆိုင်မှာ မိုးပင်လယ်ကိုမမြင်ရတာအဆင်မပြေဘူး။နွေဦးစိတ်ထဲမှာ တော့ အတူတူထိုင်နေကျအတန်းထဲကသူငယ်ချင်းက ဘာမပြောညာမပြောနဲ့ ကိုယ့်ကိုတစ်ဖက်သတ်ကြီး စိတ်ကောက်မခေါ်မပြောလုပ်ပြီး အခြားလူတွေနဲ့ပဲသွားပေါင်းနေတာကိုမြင်နေရတဲ့ ခံစားချက်မျိုးပဲ။
စိတ်ထဲမှာ တကယ်ကိုကလိကလိနဲ့ လုံးဝအဆင်မပြေဘူး။

သူအရင်တုန်းကတော့ ဒီလိုမျိုးဆို ဒီတိုင်းပဲ လွှတ်ထားလိုက်တတ်ပေမဲ့ ခုကတော့မတူဘူး။ဘာကမတူတာလဲမေးရင်တော့ အဲ့လူကမိုးပင်လယ်ဖြစ်နေလို့ကိုမတူတာ။ဘယ်လိုပဲဖြစ်ဖြစ်နွေဦး ကသူတို့၂ယောက်ရဲ့ဆက်ဆံရေးကိုအလေးထားလို့ ဘာကမှားနေလဲဆိုတာသိရမှဖြစ်မယ်။ဆုံးဖြတ်ပြီးတဲ့ချက်ချင်းပဲ ဖုန်းကိုထုတ်ပြီး စာပို့ထားလိုက်တယ်။အမှားဆိုတာ အမှန်ဖြစ်လာဖို့ပဲဆိုတော့ နွေဦးကမှားခဲ့တယ်ဆိုရင် အမှန်ပြင်ပေးဖို့အဆင်သင့်ပဲ။

ခွဲခန်းထဲကထွက်ထွက်ခြင်း မိုးပင်လယ်ဖုန်းကိုကိုင်လိုက်တော့ နွေဦးဆီက စာဝင်ထားတာကိုတွေ့ရတယ်။'အေးအေးဆေးဆေးစကားပြောရအောင်' ဆိုပြီး ပို့ထားတာ။မိုးပင်လယ် နည်းနည်း အံ့ြသပြီး ရင်ထဲထိသွားတာတော့အမှန်ပဲ။နွေဦး ကဒီလိုပို့လာပြီးသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပြန်ပြင်ဆင်ချင်မယ်လို့သူထင်မထားခဲ့ဘူး။ခုတော့စကားပြောဖို့အကြောင်းဖန်လာပြီဆိုတော့ ပြောကိုပြောရတော့မှာပဲ...အစက တတွဲတွဲ ဖြစ်ခဲ့ဖူးတဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို သူပဲသိသိသာသာကွဲကွာအောင်လုပ်နေတာဆိုတော့။ဝင်ထားတဲ့ စာတိုကို အကြာကြီးစိုက်ကြည့်နေပြီမှ မိုးပင်လယ်ပြန်စာပို့လိုက်တယ်။
----------------------
နွေဦး ညနေစောင်းထဲက စိတ်ထဲမှာ နေမထိထိုင်မသာခံစားနေရတယ်။ညရောက်ရင်စကား ပြောမယ်ဆိုပြီး အခုထိကို မိုးပင်လယ်ရဲ့အရိပ်ကို မမြင်ရသေးဘူး။နွေဦးစိတ်ထဲမှာ ဒဲ့ရှင်းဖို့ ဆုံးဖြတ်လိုက်တာ မှားများသွားပြီလားလို့တောင်တွေးမိနေပြီ။

?Daffodils[Complete]Where stories live. Discover now